ရီးရဲလ်အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟာဇက်က လက်ရှိရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသင်းလိုက် အောင်မြင်မှုတွေ ရရှိနေပေမယ့်လည်း တစ်ဦးချင်မှာတော့ ကစားသမားဘဝမှာ အဆိုးရွားဆုံး ရာသီ ဖြစ်တယ်လို့ FranceInfo နဲ့ အင်တာဗျူးတဲ့ အချိန်မှာ ပြောသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဂျုဗင်တပ်အသင်းကို ပြောင်းသွားခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် တိုက်စစ်မှူး ဟာဇက်ကို လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၇) ရက်မှာ ချဲလ်ဆီးအသင်းကနေ ယူရို သန်း (၁၀၀) ကျော်နဲ့ အပြီးသတ် ခေါ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဟာဇက်ဟာ ရီးရဲလ်အသင်းကို ရောက်လာခဲ့ပြီးနောက် လက်ရှိရာသီက သူ့ရဲ့ ပထမဆုံး ရာသီ ဖြစ်ပြီး လက်ရှိရာသီမှာ ဒဏ်ရာပြဿနာကြောင့် ရီးရဲလ်အသင်းအတွက် လာလီဂါ ပွဲစဉ် (၁၆) ပွဲ ကစားထားရာ လာလီဂါ သွင်းဂိုး (၁) ဂိုး သွင်းယူထားပြီး လာလီဂါ ဆုဖလားကိုပါ ရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ လက်ကျန် ပွဲစဉ် (၁) ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာ စပိန်လာလီဂါ ဆုဖလားကို ရရှိသွားခဲ့တာ ဖြစ်ပြီး ရီးရဲလ် တိုက်စစ်မှူး ဟာဇက်က ရီးရဲလ်အသင်းနဲ့ အသင်းလိုက် အောင်မြင်မှုတွေ ရရှိပေမယ့် အဆိုးရွားဆုံး ရာသီ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

 

Photo Credit: Marca

FranceInfo နဲ့ အင်တာဗျူးပြုလုပ်ခဲ့တဲ့ အချိန်မှာ ဟာဇက်က “ဒီနှစ်မှာတော့ ကျွန်တော်တို့က အသင်းလိုက် ဆုဖလားတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ဦးချင်း အဆင့်မှာကတော့ ကစားသမားဘဝမှာ အဆိုးရွားဆုံး ရာသီပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အားလုံးက ဇီဒန်းကို ကစားသမား အဖြစ်နဲ့ သိခဲ့ကြပြီးတော့ သူဟာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဇီဒန်းကို နည်းပြ အဖြစ်နဲ့ မြင်လိုက်မယ် ဆိုရင် သူက ပြောစရာ မလိုအောင် ကောင်းနေပါတယ်။ သူက ပြီးခဲ့တဲ့ နှစ်အနည်းငယ်မှာ သက်သေပြခဲ့ပြီး သူက ကမ္ဘာ့ အကောင်းဆုံး နည်းပြတွေက တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူက ပြောစရာရှိတဲ့ အရာတွေကို အချိန်ကိုက် ဘယ်လိုမျိုး ပြောရမလဲ ဆိုတာကို သိတဲ့ သူ ဖြစ်ပါတယ်။ သူက သူ့ရဲ့ ကစားသမားတွေကို ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။