ခ်ယ္လ္ဆီးအသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ပါဝင္ကစားခဲ႔ၿပီး အသင္းကုိ ေအာင္ျမင္မႈေတြမ်ားစြာ ရယူေပးႏုိင္ခဲ႔တဲ႔ အီဒင္ဟာဇက္ကေတာ့ ဒီႏွစ္ေဘာလုံးရာသီစအမွာပဲ သူရဲ႕စိတ္ကူးအိမ္မက္ထဲက အသင္းတစ္သင္းျဖစ္တဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဆီကုိ ေျပာင္းေရႊ႕ခဲ႔ပါတယ္။ ေရာ္နယ္ဒုိမရွိေတာ့တဲ႔ေနာက္ပုိင္း အသင္းရဲ႕တုိက္စစ္ပုိင္းမွာ ရုန္းကန္ေနရတဲ႔ ရီးရဲလ္အသင္းမွာလည္း သူတုိ႔ရဲ႕ကာလရွည္ပစ္မွတ္ျဖစ္တဲ႔ ဟာဇက္ကုိ ေခၚယူႏုိင္ခဲ႔ၿပီးခ်ိန္မွာ တုိက္စစ္က ပုိထက္ျမက္လာေတာ့မယ္လုိ႔ ယူဆခဲ႔ရေပမယ့္လည္း ဟာဇက္ဟာ အခုအခ်ိန္ထိ သူရဲ႕အသင္းသစ္အတြက္ လာလီဂါသြင္းဂုိးတစ္ဂုိးတည္းကုိသာ သြင္းယူထားႏုိင္ခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ဟာဇက္ဟာ ရီးရဲလ္ကုိ ေရာက္ရွိၿပီးေနာက္ပုိင္းမွ သူရဲ႕ရုပ္ပုိင္းဆုိင္ရာက ေျပာင္းလဲလာခဲ႔ၿပီး ကုိယ္အေလးခ်ိန္ေတြ တုိးလာခဲ႔ကာ ဝလာသလုိမ်ိဳး ျဖစ္သြားခဲ႔ပါတယ္။ ဒီလုိ အေလးခ်ိန္တုိးလာခဲ႔တာနဲ႔ပတ္သက္ၿပီး အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္ဂါးအပါအဝင္ ေဘာလုံးနယ္ပယ္အတြင္းမွ လူအမ်ားစုက ဟာဇက္ကုိ ဝုိင္းဝန္ေဝဖန္ခဲ႔ၾကပါတယ္။ ဟာဇက္အေၾကာင္းေတြနဲ႔ပတ္သက္ၿပီး ဟာဇက္နဲ႔အတူ ခ်ယ္လ္ဆီးအသင္းမွာ ၅ႏွစ္ေလာက္ တြဲဖက္ကစားခဲ႔ဖူးတဲ႔ ႏုိင္ဂ်ီရီးယားလက္ေရြးစင္ေဟာင္း ကြင္းလယ္ကစားသမား ဂြ်န္အုိမီေခးလ္က အင္တာဗ်ဳးတစ္ခုမွာ ဖြင့္ဟေျပာဆုိလာခဲ႔ပါတယ္။

Photo Credit : Getty Images

မီေခးလ္က “ဟာဇက္က ထူးျခားတဲ႔ အရည္အခ်င္းေတြကုိ ပုိင္ဆုိင္ထားသူတစ္ေယာက္ပါ။ လီယြန္နယ္မက္ဆီေလာက္ ေျခစြမ္းေကာင္းသူမဟုတ္ဘူးဆုိရင္ေတာင္ သူ႔ေျခေထာက္ထဲကုိ ေဘာလုံးေရာက္သြားတုိင္းမွာ သူစိတ္တုိင္းက် စြမ္းေဆာင္ေနႏုိင္တဲ႔သူပါ။ ဒါေပမယ့္ သူက ေလ့က်င့္ခန္းေတြကုိ ပင္ပင္ပန္းပန္း လုပ္ေနရတာမ်ိဳးကုိ သေဘာမက်တတ္ဘူး။ ကြ်န္ေတာ္တုိ႔က ေလ့က်င့္ခန္းမၿပီးေသးလုိ႔ ဆက္လုပ္ေနရခ်ိန္ဆုိ သူက ေလ့က်င့္ခန္းမလုပ္ပဲ ကြ်န္ေတာ္တုိ႔ၿပီးသြားမယ့္ အခ်ိန္ထိကုိ ဒီတုိင္းေစာင့္ေနတတ္တယ္။ တကယ္တမ္းပြဲကစားေတာ့လည္း သူကပဲ တစ္ပြဲလုံးရဲ႕အေကာင္းဆုံး ကစားသမားဆုကုိ ရယူတတ္ပါတယ္။ ဒါက တကယ့္ကုိ မယုံၾကည္ႏုိင္စရာေကာင္းလွပါတယ္” လုိ႔ ေျပာဆုိသြားခဲ႔ပါတယ္။ ဆက္လက္ၿပီး အင္တာဗ်ဴးသူက မီေခးလ္အေနနဲ႔ သူခ်ယ္လ္ဆီးမွာရွိေနစဥ္ သူနဲ႔တြဲဖက္ကစားခဲ႔ဖူးတဲ႔ ကစားသမားေတြထဲကမွ အႀကိဳးစားဆုံးကစားသမားကုိ ေရြးခ်ယ္ျပေပးဖုိ႔ပါလုိ႔ ေတာင္းဆုိလာခဲ႔ရာ မီေခးလ္က လက္ရွိခ်ယ္လ္ဆီးအသင္းကုိ ကုိင္တြယ္ေနတဲ႔ နည္းျပဖရန္႔လမ္းပတ္ကုိ ေရြးခ်ယ္ေပးသြားခဲ႔ပါတယ္။

(Unicode)

ဟာဇက်ရဲ့ကြိုးစားအားထုတ်မှုအကြောင်းကို ကစားဖော်ဟောင်းမှ ဖွင့်ဟလာခဲ့

ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ပြီး အသင်းကို အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့တဲ့ အီဒင်ဟာဇက်ကတော့ ဒီနှစ်ဘောလုံးရာသီစအမှာပဲ သူရဲ့စိတ်ကူးအိမ်မက်ထဲက အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရော်နယ်ဒိုမရှိတော့တဲ့နောက်ပိုင်း အသင်းရဲ့တိုက်စစ်ပိုင်းမှာ ရုန်းကန်နေရတဲ့ ရီးရဲလ်အသင်းမှာလည်း သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဟာဇက်ကို ခေါ်ယူနိုင်ခဲ့ပြီးချိန်မှာ တိုက်စစ်က ပိုထက်မြက်လာတော့မယ်လို့ ယူဆခဲ့ရပေမယ့်လည်း ဟာဇက်ဟာ အခုအချိန်ထိ သူရဲ့အသင်းသစ်အတွက် လာလီဂါသွင်းဂိုးတစ်ဂိုးတည်းကိုသာ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : Getty Images

ဟာဇက်ဟာ ရီးရဲလ်ကို ရောက်ရှိပြီးနောက်ပိုင်းမှ သူရဲ့ရုပ်ပိုင်းဆိုင်ရာက ပြောင်းလဲလာခဲ့ပြီး ကိုယ်အလေးချိန်တွေ တိုးလာခဲ့ကာ ဝလာသလိုမျိုး ဖြစ်သွားခဲ့ပါတယ်။ ဒီလို အလေးချိန်တိုးလာခဲ့တာနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်ဂါးအပါအဝင် ဘောလုံးနယ်ပယ်အတွင်းမှ လူအများစုက ဟာဇက်ကို ဝိုင်းဝန်ဝေဖန်ခဲ့ကြပါတယ်။ ဟာဇက်အကြောင်းတွေနဲ့ပတ်သက်ပြီး ဟာဇက်နဲ့အတူ ချယ်လ်ဆီးအသင်းမှာ ၅နှစ်လောက် တွဲဖက်ကစားခဲ့ဖူးတဲ့ နိုင်ဂျီရီးယားလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဂျွန်အိုမီခေးလ်က အင်တာဗျုးတစ်ခုမှာ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

မီခေးလ်က “ဟာဇက်က ထူးခြားတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လီယွန်နယ်မက်ဆီလောက် ခြေစွမ်းကောင်းသူမဟုတ်ဘူးဆိုရင်တောင် သူ့ခြေထောက်ထဲကို ဘောလုံးရောက်သွားတိုင်းမှာ သူစိတ်တိုင်းကျ စွမ်းဆောင်နေနိုင်တဲ့သူပါ။ ဒါပေမယ့် သူက လေ့ကျင့်ခန်းတွေကို ပင်ပင်ပန်းပန်း လုပ်နေရတာမျိုးကို သဘောမကျတတ်ဘူး။ ကျွန်တော်တို့က လေ့ကျင့်ခန်းမပြီးသေးလို့ ဆက်လုပ်နေရချိန်ဆို သူက လေ့ကျင့်ခန်းမလုပ်ပဲ ကျွန်တော်တို့ပြီးသွားမယ့် အချိန်ထိကို ဒီတိုင်းစောင့်နေတတ်တယ်။ တကယ်တမ်းပွဲကစားတော့လည်း သူကပဲ တစ်ပွဲလုံးရဲ့အကောင်းဆုံး ကစားသမားဆုကို ရယူတတ်ပါတယ်။ ဒါက တကယ့်ကို မယုံကြည်နိုင်စရာကောင်းလှပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး အင်တာဗျူးသူက မီခေးလ်အနေနဲ့ သူချယ်လ်ဆီးမှာရှိနေစဉ် သူနဲ့တွဲဖက်ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲကမှ အကြိုးစားဆုံးကစားသမားကို ရွေးချယ်ပြပေးဖို့ပါလို့ တောင်းဆိုလာခဲ့ရာ မီခေးလ်က လက်ရှိချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြဖရန့်လမ်းပတ်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။