ယခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကနေ စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့ကာ ကစားခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဟာဇက်ကတော့ လက်ရှိမှာ ပြင်းထန်တဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘောလုံးပွဲတွေနဲ့ ခေတ္တဝေးကွာနေရသူပါ။ လက်ရှိမှာတော့ ဟာဇက်ဟာ သူ့ရဲ့ညာခြေကျင်းဝတ်မှာ ရရှိတဲ့ ဒဏ်ရာကို ခွဲစိတ်ဖို့အတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး အမေရိကန်နိုင်ငံရဲ့ NBA ဘတ်စကတ်ဘောကစားသမား ဒွန်ဆစ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Bleacher Report.com

ဟာဇက်ဟာ ဘယ်လ်ဂျီယံသားတွေရဲ့ သည်းခြေကြိုက် အားကစားနည်းတစ်ခုဖြစ်တဲ့ ဘတ်စကတ်ဘောကစားနည်းကို ဝါသနာထုံသူတစ်ဦးဖြစ်ပြီး NBAကလပ် Dallas Mavericks အသင်းမှာ ကစားနေတဲ့ ကစားသမား ဒွန်ဆစ် ကို အမေရိကန်နိုင်ငံဆီ ရောက်ချိန်မှာ သွားပြီး​ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒွန်ဆစ်နဲ့တွေ့ချိန်မှာတော့ ဟာဇက်တစ်ယောက် ငိုအားထက် ရယ်အားသန်ဆိုတဲ့ ဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အကြောင်းကတော့ NBA ကစားသမားတွေရဲ့ ထုံးစံအတိုင်းပဲ ဒွန်ဆစ်ရဲ့ အရပ်အမောင်းဟာ အတော်လေးမြင့်မားနေခဲ့ပြီး ဟာဇက်ကတော့ ဒွန်ဆစ်နဲ့ တွေ့လိုက်ချိန်မှာ ကလေးငယ်တစ်ဦးလို ဖြစ်သွားခဲ့တာပါ။

Photo Credit: Bleacher Report.com

ဟာဇက်ရဲ့ ပရိသတ်တွေကတော့ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ဟာဇက်ကို ဘယ်လ်ဂျီယံ လူပုလေးလို့ စနောက်နေကြပြီး ဒွန်ဆစ်ကိုတော့ ဆလိုဗကီးယားလူသန်ကြီးလို့ အမည်ပေးထားကြပါတယ်။ ဒွန်ဆစ်နဲ့ ယှဉ်လိုက်ချိန်မှာ ဟာဇက်ဟာ လူပုလေးတစ်ဦးအရွယ် ရောက်ခဲ့ပေမယ့် သူ့ရဲ့အရပ်အမောင်းဟာလဲ မနိမ့်လှပါဘူး။ အသက်၂၈နှစ်အရွယ် ဟာဇက်ဟာ အရပ်အမြင့် ၅ပေ ၈လက်မရှိသူဖြစ်ပြီး အသက် ၂၁နှစ်အရွယ် ဒွန်ဆစ်ကတော့ အရပ်အမြင့် ၆ပေ ၇လက်မရှိသူဖြစ်ပါတယ်။ ဒွန်ဆစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ငယ်စဉ်ကတည်းက စွဲစွဲမြဲမြဲအားပေးခဲ့သူတစ်ဦးလို့လဲ သိရပါတယ်။ ဒါနဲ့ ပရိသတ်ကြီးရဲ့ အရပ်ကရောဗျ…။