ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကတော့ ဒီနှစ်ဘောလုံးရာသီအစမှာပဲ ချယ်လ်ဆီးကနေ ရီးရဲလ်အသင်းဆီကို ပေါင်၁၁၅သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းအတွက် အခုချိန်ထိ ခြေစွမ်းပြသထားနိုင်ခြင်းမရှိသလို ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေခဲ့ရတဲ့အပြင် အသင်းကို စတင်ရောက်ရှိချိန်မှာပဲ သူရဲ့ကိုယ်အလေးချိန်က ချယ်လ်ဆီးအသင်းမှာ ရှိနေစဉ်တုန်းကထက် ပိုမိုမြင့်တတ်လာခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို သူရဲ့ခြေစွမ်းမပြနိုင်ခြင်းက အခုလို ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ သက်ဆိုင်နေတယ်လို့လည်း ပြောဆိုခံလာရပါတယ်။
Photo Credit : Marca
Photo Credit : Marca
(Unicode)
ကိုယ်အလေးချိန် မြင့်တတ်လာခဲ့တယ်ဆိုတဲဲ့ သတင်းတွေအပေါ် ဝန်ခံလိုက်တဲ့ ဟာဇက်
ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကတော့ ဒီနှစ်ဘောလုံးရာသီအစမှာပဲ ချယ်လ်ဆီးကနေ ရီးရဲလ်အသင်းဆီကို ပေါင်၁၁၅သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အသင်းအတွက် အခုချိန်ထိ ခြေစွမ်းပြသထားနိုင်ခြင်းမရှိသလို ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေခဲ့ရတဲဲ့အပြင် အသင်းကို စတင်ရောက်ရှိချိန်မှာပဲ သူရဲ့ကိုယ်အလေးချိန်က ချယ်လ်ဆီးအသင်းမှာ ရှိနေစဉ်တုန်းကထက် ပိုမိုမြင့်တတ်လာခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲဲ့ရသလို သူရဲ့ခြေစွမ်းမပြနိုင်ခြင်းက အခုလို ကိုယ်အလေးချိန်တိုးလာခြင်းနဲဲ့ သက်ဆိုင်နေတယ်လို့လည်း ပြောဆိုခံလာရပါတယ်။
Photo Credit : Marca
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အသက်၂၉နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ ဟာဇက်က ကိုယ်အလေးချိန်တတ်လာတယ်ဆိုတာ ဟုတ်မှန်ခဲ့ကြောင်း ဝန်ခံပြောဆိုသွားခဲ့ပြီး အဲ့ဒီလို ဝိတ်တတ်လာတာကို သတိထားမိခြင်းမှာပဲ ချက်ချင်းဝိတ်ကျအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ရှင်းလင်းပြောဆိုသွားခဲဲ့ပါတယ်။ ဟာဇက်က “ဝိတ်တတ်လာခဲ့တယ်ဆိုတာက ဟုတ်ပါတယ်။ ဒါကို ကျွန်တော်မဖုံးကွယ်ထားချင်ပါဘူး။ အားလပ်ရက်တုန်းက အနားယူရင်းနဲ့ ဝိတ်တတ်တာ ဖြစ်လာခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ရဲ့အလေးချိန် ၅ကီလိုမီတာထိ တတ်လာခဲ့ရတာပါ”
Photo Credit : Marca
“ဒါပေမယ့် ဒါကို ကျွန်တော်သတိထားမိလိုက်ချိန်မှာပဲ ဝိတ်ကိုဆယ်ရက်လောက်အတွင်းမှာ ပြန်ကျအောင်လုပ်ဆောင်ခဲ့ပါတယ်။ နွေရာသီတုန်းက ကျွန်တော်ရဲ့ကိုယ်အလေးချိန်က ၈၁ပေါင်လောက်အထိ ရှိခဲ့ရတာပါ။ ဒါကို ရက်ပိုင်းအတွင်း ပုံမှန်အနေအထားဖြစ်သွားအောင် ကြိုးစားခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဟာဇက်ဟာ သူရဲ့ကိုယ်အလေးချိန်ကြောင့် အင်တာနက်စာမျက်နှာတွေပေါ်မှာ Troll ခံ အလှောင်ပြောင်ခံခဲ့ရသလို သူရဲ့အသင်းဖော်ဟောင်းတချို့ရဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသေးပြီး အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကလည်း သူ့ကို ပြိုင်မြိုင်းတစ်ကောင်နဲ့ ခိုင်းနှိုင်းခဲ့ကာ ခြေစွမ်းပြနိုင်ခြင်းမရှိတာ ဝိတ်တတ်ခြင်းနဲ့ သက်ဆိုင်နေတယ်လို့ ထောက်ပြခဲ့ပါသေးတယ်။ ဟာဇက်ဟာ အခုတော့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲဲ့ဒဏ်ရာပြသာနာကြောင့် အနားယူနေရလျက်ရှိပြီး လအတန်ကြာ ဆက်လက်အနားယူရဖွယ် ရှိနေသေးတယ်လို့ သိရှိရပါတယ်။