ဟာဗက်ရဲ့ လေဗာကူဆင်အသင်းဖော်ဟောင်း ရော်ဘတ်တို ဟီလ်ဘတ်ကတော့ ဟာဗက်ဟာ ဂျာမနီ ကွင်းလယ် ကစားသမားကောင်းတွေ ဖြစ်တဲ့ အိုဇေးလ် နဲ့ ဘောလက်ခ်တို့ရဲ့ ပေါင်းစပ်မှု ဖြစ်ပြီး ချဲလ်ဆီးအသင်းကို ရောက်ရင် လိဂ်ဖလား ရရှိအောင် ကူညီနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဟာဗက်ဟာ ကစားသမားဘဝက အနားယူသွားပြီဖြစ်တဲ့ ရော်ဘတ်တို ဟီလ်ဘတ်နဲ့ အတူ လေဗာပူဆင်အသင်းမှာ ကစားခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်က အသက် (၁၇) နှစ်အရွယ်နဲ့ ပွဲဦးထွက် ကစားခဲ့စဉ်က ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ အသက်ငယ်ဆုံး ကစားသမား ဖြစ်သွားခဲ့ပါတယ်။

Photo Credit: Goal

ချဲလ်ဆီးအသင်းဟာ လက်ရှိရာသီမှာ တီမို ဝါနာ နဲ့ ဇီယက်တို့ကို ခေါ်ယူခဲ့ပြီးပြီ ဖြစ်ပေမဲ့လည်း ကွင်းလယ် ကစားသမားကောင်းကို ထပ်မံ ခေါ်ယူချင်နေတာကြောင့် လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်လူ ကိုင် ဟာဗက်ကို ခေါ်ယူနိုင်ဖို့အတွက် အသည်းအသန် ချိတ်ဆက်နေပါတယ်။ လေဗာကူဆင်အသင်းဟာ ယနေ့ည၊ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် ကစားသွားမှာ ဖြစ်ပြီး အသင်းရဲ့ ကစားသမားဟောင်း ဟီလ်ဘတ်ကတော့ သူ့ရဲ့အသင်းဖော်ဟောင်း ဟာဗက်အနေနဲ့ ချဲလ်ဆီးအသင်းကို ပြောင်းပြီး ပရီးမီးယားလိဂ် ဆုဖလားကို ရယူသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ရော်ဘတ်တို ဟီလ်ဘတ်က “သူက ဂျာမနီနိုင်ငံကနေ ပေါ်ထွက်လာမယ့် ကစားသမားကောင်း တစ်ယောက်ပါပဲ။ သူ အသက် (၁၇) နှစ်အရွှယ်မှာ ပွဲဦးထွက် ပွဲစဉ် ကစားခဲ့စဉ်က ကျွန်တေ်ာ ရှိနေခဲ့ပါတယ်။ ဒီမျိုးဆက်မှာ သူက ပွဲစဉ်ပြောင်းလဲသူ ဖြစ်လာနိုင်ပါတယ်။ သူက တကယ်ကို ပါးနပ်းတဲ့ ကစားသမား ဖြစ်ပြီး လူကောင်းလည်း ဖြစ်ပါတယ်။ သူက ဘောလက်ခ်ရဲ့ ကစားပုံ နဲ့ အိုဇေးလ်ရဲ့ ကစားပုံ ပိုင်ဆိုင်ထားပြီး အဲဒီနှစ်ခု ပေါင်းစပ်တဲ့ အခါမှာ အန္တာရယ်ရှိလာတယ်။ သူက အခြားသူတွေမှာ မရှိတဲ့ အရည်အချင်း ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ချဲလ်ဆီးက သူ့ကို ရှေ့ရေးအတွက် ခေါ်ယူခဲ့တာ ဖြစ်ပြီး သူကလည်း ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် ဆုဖလား ရရှိအောင် ကူညီပေးနိုင်တယ်။ သူက အဲဒီလောက် ကောင်းပါတယ်”လို့ ပြောပါတယ်။