လီဗာပူးလ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေးဖြစ်တဲ့ ဟာဗေးအဲလိယတ်ဟာ ဆိုးရွှားလှတဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူနေခဲ့ရာကနေ မနေ့ညက ကာဒစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အက်အေဖလားပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ခွင့်ရခဲ့ပြီး သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူသွားနိုင်ခဲ့ပါတယ်။

The 18-year-old last played back in September when he was stretched off at Elland Road

Photo Credit : Daily Mail

လီဗာပူးလ်အသင်းနဲ့ ကာဒစ်အသင်းတို့ဟာ အက်အေဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ပွဲစဉ်အဖြစ် လီဗာပူးလ်ရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင်ခဲ့ရာ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အိမ်ရှင်အသင်းက နိုင်ပွဲရယူသွားခဲ့သလို ဒီပွဲမှာ အသင်းအတွက် ကစားသမားသစ် လူးဝစ်ဒီယက်ဇ်နဲ့အတူ ခြေကျင်းဝတ် ဒဏ်ရာကနေ ပြန်လည်သက်သာတဲ့ လူငယ်ကစားသမားလေး အဲလိယတ်ပါ ပါဝင်ကစားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လအတန်ကြာ အနားယူနေရတဲ့ အဲလိယတ်ဟာ အသင်းအတွက် ပြန်လည်ကစားပေးခွင့် ရရှိခဲ့တဲ့ ပွဲစဉ်အတွင်းမှာပဲ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့တဲ့အတွက် ဒီအခိုက်အတန့်က သူ့အတွက် မမေ့နိုင်စရာ အမှတ်တရမျိုး ဖြစ်နေလိမ့်မယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Harvey Elliott injury latest – Instagram update, Liverpool star discharged  from hospital after surgery on ankle

Photo Credit : The Sun

အဲလိယတ်က “လောလောဆယ် ပြောရရင်တော့ ပြောဖို့ခက်ပါမယ်၊ အသင်းအတွက် ဂိုးသွင်းပေးဖို့ ဂိုးဖန်တီးပေးဖို့ ဆိုတာတွေက အသင်းမှာ ကျွန်တော် လုပ်ဆောင်ပေးရမယ့် အလုပ်တွေပါ။ ကံကောင်းတာကတော့ အချိန်အတန်ကြာအောင် အနားယူနေရပြီးတဲ့နောက်မှ ပရိသတ်တွေရဲ့ ရှေ့ကို ရောက်လာခဲ့ပြီး ကျွန်တော် လုပ်ရမယ့် အလုပ်ထဲက တစ်ခုကိုပါ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကို ကျွန်တော်အနေနဲ့ ဆက်လုပ်နိုင်သွားဖို့လည်း လိုပါမယ်။ လောလောဆယ် ဒီအခိုက်အခန့်ကတော့ ကျွန််တော်နဲ့ ကျွန်တော့်မိသားစုအတွက် အမှတ်ရလို့နေမယ့် အခိုက်အတန့်မျိုးပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၁၈)နှစ် အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး အဲလိယတ်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ Elland Road ကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း လိဒ်စ်နောက်ခံလူ စထူးအတ်ရဲ့ ဆိုးရွှားတဲ့ ဖြတ်ထုတ်မှုကြောင့် ခြေကျင်းဝတ် ဒဏ်ရာဆိုးကြီးကို ရရှိသွားခဲ့ပြီး (၅)လဝန်းကျင်လောက်အထိ အနားယူလိုက်ရတာ ဖြစ်ပါတယ်။ အခုတော့ ဆိုးရွှားတဲ့ အခြေအနေကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အဲလိယတ်ဟာ သူရဲ့လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ ပြန်လာတော့မယ်ဆိုတာကို ကာဒစ်နဲ့ ပွဲစဉ်မှာပဲ သက်သေပြသသွားနိုင်ခဲ့ပါတယ်။