ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း စုစုပေါင်း(၃)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရတဲ့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်က လက်ရှိအချိန် အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့အပေါ် စိတ်ပျက်လျက်ရှိနေပြီး အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ လာမယ့် ၂၀၂၁ခုနှစ်အတွင်းမှာ ကျင်းပသွားမယ့် ယူရိုဖလားပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲနိုင်ဖို့အတွက် ဆောင်းရာသီစျေးကွက်အသင်းမှာပဲ စပါးအသင်းကနေ ထွက်ခွာဖွယ်ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်စ်ဟာ စပါးလူငယ်အသင်းမှာ ငယ်စဉ်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းကို မာရီစီယိုပိုချက်တီနို ကိုင်တွယ်ခဲ့စဉ် ၂၀၁၆ခုနှစ်ခန့်မှာပဲ လူငယ်အသင်းကနေ စပါးစီနီယာအသင်းကြီးဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီဝင့်စ်ဟာ နည်းပြမော်ရင်ဟိုရဲ့လ က်အောက်မှာ ပွဲထွက်ကစားခွင့်တွေက အတော်လေးကို နည်းပါးလို့နေပြီး ရာသီအစ ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက်ကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီးနောက် ပွဲစဉ်(၁၀)အထိ စုစုပေါင်း (၁၇)မိနစ်ခန့်သာ ကစားခွင့်ရခဲ့ပါတယ်။

Photo Credit : Eurosport

စပါးနည်းပြမော်ရင်ဟိုဟာ ဟယ်ရီဝင့်စ်ကို ပရီးမီးယားလိဂ်မှာထက် ယူရိုပါလိဂ်ပွဲစဉ်တွေမှာသာ တောက်လျှောက်အသုံးပြုနေတာဆိုပေမယ့် LASK အသင်းနဲ့ တစ်ဖက်ကို(၃)ဂိုးစီ သရေကျခဲ့ရတဲ့ ပွဲစဉ်မှာတော့ မော်ရင်ဟိုက ဝင့်စ်ကို အရန်ခုံကနေ လူစားဝင်ကစားခွင့် လုံးဝပေးခဲ့ခြင်း မရှိပါဘူး။ အဂ်လန်လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဂါရတ်ဆောက်ဂိတ်ကလည်း အသင်းသားတွေအနေနဲ့ လာမယ့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးအတွက် အသင်းမှာ ရွေးချယ်ခံရဖို့အတွက်ဆိုရင် သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ပွဲထွက်ကစားခွင့်တွေ အလုံအလောက်ရရှိထားမှဖြစ်တယ်လို့ သတိပေးပြောဆိုထားတာကြောင့် ဟယ်ရီဝင့်စ်အနေနဲ့ ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းပြောင်းချင်နေတာဖြစ်ပါတယ်။ ဝင့်စ်အပြင် သူရဲ့အသင်းဖော် ဒယ်လီအလီပါ မော်ရင်ဟိုရဲ့လက်အောက်မှာ ကစားခွင့်တွေ နည်းပါးလွန်းနေတဲ့အတွက် ဆောင်းရာသီစျေးကွက်ထဲမှာပဲ အသင်းပြောင်းဖွယ် ရှိလာနိုင်ပါတယ်။ စပါးအသင်းဘက်ကတော့ လက်ကျန်ရာသီကို ပွဲဆက်များစွာနဲ့ ဖြတ်သန်းရမှာဖြစ်လို့ ဒီကစားသမားနှစ်ယောက်ကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ပြီး မဖြစ်မနေ ထွက်ခွာခွင့်ပြုရမယ်ဆိုရင်လည်း အငှားစာချုပ်လောက်နဲ့ပဲ ထွက်ခွာခွင့်ပြုနိုင်ဖွယ်သာရှိပါတယ်။