မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ပေါလ်ပါ့ကားက သူရဲ့အသင်းဟောင်း ယူနိုက်တက်ရဲ့ လက်ရှိအသင်းခေါင်းဆောင်ဖြစ်တဲ့ ဟာရီမက်ဂွိုင်းရားဟာ ယူနိုက်တက်တက်အသင်းခေါင်းဆောင် ရာထူးနဲ့ အံ့ဝင်ခွင်ကျခြင်း မရှိတဲ့ ကစားသမားတစ်ဦး ဖြစ်နေတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ကလည်း မက်ဂွိုင်းရားကို အသင်းခေါင်းဆောင် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာ အရမ်းစောလွန်းတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : New York Time Post

အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား မက်ဂွိုင်းရားဟာ လက်စတာစီးတီးအသင်းကနေ ယူနိုက်တက်အသင်းဆီကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ၂၀၂ဝခုနှစ် ဇန်နဝါရီလမှာ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ အက်ရှ်လေယန်းက အသင်းပြောင်းခဲ့တာကြောင့် မက်ဂွိုင်းရာက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို လွဲပြောင်းရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားက ယူနိုက်တက် အသင်းခေါင်းဆောင်တာဝန်ကို အပြည့်အဝ မထမ်းဆောင်နိုင်သေးသလို အံ့ဝင်မှုလည်း ရှိမနေတဲ့အတွက် သူရဲ့အသင်းခေါငး်ဆောင်တာဝန်ကို လွဲပြောင်းလိုက်ဖို့ ပေါလ်ပ့ါကားကနေ တိုက်တွန်းပြောဆိုလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ပေါလ်ပေါ့ကားက “မန်ချက်စတာယူနိုက်တက်အသင်းက ဟာရီမက်ဂွိုင်းရားကို အသင်းခေါင်းဆောင်လက်ပတ် ပေးလိုက်တာက အရမ်းကို စောလွန်းအားကြီးပါတယ်။ ဒါက လူအများကြီးကိုလည်း အံ့အားသင့်စေခဲ့ရတယ်။ အဲ့ဒါက ဘာမှအဓိပ္ပာယ်လည်း မရှိခဲ့သလို စပြီးသတ်မှတ်ပေးလိုက်တဲ့ နေ့ရက်ကတည်းကကို အံ့မဝင်ခဲ့ပါဘူး။ အသင်းခေါင်းဆောင်တွေဆိုတာ အသင်းတစ်သင်းအတွက် စျေးအများဆုံးသော ကစားသမား ဒါမှမဟုတ် အသင်းအတွက် အရမ်းကို ကောင်းမွန်နေတဲ့ ကစားသမား ဖြစ်ရုံနဲ့မရပါဘူး။ ဒီထက်မက အများကြီး ပိုပါတယ်။ သူဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဖြစ်ဖို့ မှန်ကန်တဲ့ကစားသမား မဟုတ်သလို ပြုပြင်ဖို့ လိုအပ်နေတဲ့ သူ့ရဲ့ ကစားနည်းတွေလည်း အများကြီးရှိပါတယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဂွိုင်းရား ဦးဆောင်နေတဲ့ ယူနိုက်တက်အသင်းရဲ့ခံစစ်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ပွဲပေါင်း(၁၁)ပွဲ ကစားပြီး ပေးဂိုး(၁၇)ဂိုးထိ ရှိထားခဲ့တာကြောင့် ထိပ်ဆုံး(၁၀)သင်းအတွင်း ပေးဂိုးအများဆုံး ဖြစ်နေရသလို နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲမှာလည်း ပေးဂိုးက (၁၁)ဂိုးအထိကို ရှိခဲ့ရပါတယ်။