မန်ယူအသင်းရဲ့ ဗဟို ခံစစ်မှူး မက်ဂွိုင်းယားဟာ နောက်ခံ ကစားသမားတွေထဲမှာ ဘယ်သူကို သဘောကျသလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက မန်ယူ နောက်ခံ ကစားသမားဟောင်း ရီယို ဖာဒီနန် ဖြစ်တယ်လို့ ပြောခဲ့ပြီး သူလို့ ဖြစ်လာဖို့ ပုံသွင်းလာခဲ့တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။ ဗဟို ခံစစ်မှူး မက်ဂွိုင်းယားကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ လက်စတာစီးတီးအသင်းကနေ မန်ယူအသင်းကို ပေါင် သန်း (၇၀) နဲ့ ရောက်ရှိလာခဲ့ပြီး မန်ယူအသင်းအတွက် ကစားလာတာ (၁) နှစ်တောင် မပြည့်သေးပေမဲ့လည်း မန်ယူအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Photo Credit: MEN

မက်ဂွိုင်းယားဟာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁) ဂိုး သွင်းယူထားပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၁) ပွဲ ကစားထားရာမှာတော့ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မက်ဂွိုင်းယားကတော့ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက်မှာ မန်ယူ ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်လို ဖြစ်လာဖို့ ပုံသွင်းနေခဲ့တယ်လို့ ပြောသွားခဲ့ပြီး မန်ယူ ခံစစ်မှူးဟောင်း ဖာဒီနန်ဟာ မန်ယူအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလားကို (၆) ကြိမ် အထိ ရယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: MEN

နောက်ခံလူ မက်ဂွိုင်းယားဟာ သူ့ရဲ့ အကြိုက်ဆုံး နောက်ခံ ကစားသမားက ဘယ်သူပါလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကျွန်တော် ရီယို ဖာဒီနန်ကို ရွေးချယ်ချင်ပါတယ်။ ကျွန်တော်ရဲ့ ကစားသမားဘဝ တစ်လျှောက်မှာ သူ့လို ဖြစ်လာဖို့ ပုံသွင်းလာခဲ့ပါတယ်။ ကျွန်တော် ငယ်တဲ့ အရွယ်မှာ သူဟာ အင်္ဂလန်အသင်းရဲ့ နောက်ခံလူ ဖြစ်နေပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်းပဲ အကောင်းဆုံး နောက်ခံလူ တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ သူက မန်ယူအသင်းအတွက် သိပ် ကောင်းတဲ့ ကစားသမား ဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ သူဟာ ဘောလုံးကို ခံစစ်လမ်းကြောင်းကနေ ဆွဲလာပြီး တိုက်စစ်ကို ပုံဖော်နိုင်ပါတယ်။ သူ့ရဲ့ ကစားဟန်တွေကို အင်္ဂလန် လက်ရွေးစင်အသင်းကို ယူလာပြီး သူ့ရဲ့ ကစားဟန်တွေက လက်ရှိ နောက်တန်းမှာ အသုံးပြုနေတဲ့ ကစားကွက်တွေကို အများကြီး လွမ်းမိုးနိုင်ခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။