Opta ကနေ ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တစ်ခုအရ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပြိုင်ဘက်ကစားသမားတွေအတွက် ဂိုးကန်ချက် ဖြစ်စေနိုင်ခဲ့တဲ့ အမှားမျိုး ကျူးလွန်မိခဲ့တဲ့ ကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်း အသင်းသားနှစ်ဦးဖြစ်တဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းရားနဲ့ ကွင်းလယ်လူ နီမန်ဂျာမာတစ်တို့ ဦးဆောင်ပါဝင်နေတယ်လို့ သိရပါတယ်။
Photo Credit : Sportskeeda
ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ခံစစ်မှူး မက်ဂွိုင်းရားဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ခံစစ်ပိုင်း အမှားအယွင်းတွေ များစွာပြုလုပ်နေမိသူဖြစ်ပြီး သူဦးဆောင်နေတဲ့ ယူနိုက်တက်ခံစစ်ဟာလည်း ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ Top 7 အသင်းတွေထဲမှာ ပေးဂိုးအများဆုံး ဖြစ်လို့နေရပါတယ်။ ဒီလို အမှားများနေတဲ့ မက်ဂွိုင်းရားကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဆက်လက်အသုံးမပြုဖို့ အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားပေးဖို့ အသင်းပရိသတ်တွေက တောင်းဆိုလာကြသလို အစွန်းရောက် ပရိသတ်တစ်ဦးဆိုရင်လည်း မက်ဂွိုင်းရားကို ယူနိုက်တက်ကနေ ထွက်ခွာသွားဖို့ အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့အတူ သတိပေး တောင်းဆိုဖြစ်ခဲ့ပါသေးတယ်။
Photo Credit : The Sun
ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အသက်(၂၉)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား မက်ဂွိုင်းရားဟာ သူရဲ့ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ မာတစ် လုခ်ရှော ဘစ်ဆာခါတို့နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဘက်ကစားသမားတွေအတွက် ဂိုးကန်ချက် ဖြစ်စေနိုင်ခဲ့တဲ့ အမှားမျိုး ကျူးလွန်မိခဲ့တဲ့ ကစားသမားစာရင်းထဲမှာ ပါဝင်လာခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ most errors leading to shot စာရင်းမှာ အမှား(၇)ကြိမ်နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့သလို နောက်ထပ် ယူနိုက်တက်အသင်းသားဖြစ်တဲ့ ကွင်းလယ်လူ မာတစ်ကလည်း အမှား(၆)ကြိမ်နဲ့ ဒုတိယနေရာမှာ ရှိလို့နေပါတယ်။ အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် လိဒ်စ်ယူနိုက်တက် နောက်ခံလူ အေးလင်တို့ဟာလည်း အမှား(၆)ကြိမ်စီနဲ့ most errors leading to shot စာရင်းမှာ မာတစ်နဲ့အတူ ဒုတိယနေရာမှာ ပူးတွဲ ရပ်တည်နေကြပါတယ်။ နောက်ထပ် ယူနိုက်တက် ကစားသမားတွေဖြစ်ကြတဲ့ လုခ်ရှောနဲ့ ဘစ်ဆာခါတို့ဟာလည်း အမှား(၄)ကြိမ်စီနဲ့ most errors leading to shot စာရင်းမှာ စတုတ္ထနေရာတွေမှာ ရှိနေကြပြီး ပြိုင်ဘက်အသင်းအတွက် ဂိုးကန်သွင်းချက်တွ ဖြစ်စေနိုင်တဲ့ အမှားမျိုး အကျူးလွန်ခဲ့ဆုံး ကစားသမားစာရင်းမှာ ယူနိုက်တက်အသင်းရဲ့ ကစားသမား(၄)ဦးထိကို အများဆုံးအဖြစ် ပါဝင်ထားခဲ့ရပါတယ်။