မန္ယူနည္းျပ ဆိုးလ္ရွားကေတာ့ အက္ရွေလ ယန္းရဲ႕ ေနရာကို ဆက္ခံသြားမယ့္ အသင္းေခါင္းေဆာင္ အသစ္ဟာ ေနာက္ခံလူ မက္ဂြိဳင္းယား ျဖစ္တယ္လို႔ ယေန႔၊ေသာၾကာေန႔မွာပဲ အတည္ျပဳခဲ့ပါတယ္။ မက္ဂြါရီယာ လက္စတာစီးတီးအသင္းကေန မန္ယူအသင္းကို ကလပ္ စံခ်ိန္တင္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း (၈၀) နဲ႔ ေရာက္ရွိခဲ့ၿပီး (၆) လအၾကာမွာ အသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။

Photo Credit: DailyMail

အက္ရွေလ ယန္းဟာ စီးရီးေအ ကလပ္ အင္တာမီလန္အသင္းကို ေျပာင္းေ႐ြ႕ဖို႔ ေသခ်ာသြားခဲ့ၿပီ ျဖစ္တာေၾကာင့္ မန္ယူအသင္းက အသင္းေခါင္းေဆာင္အျဖစ္ မက္ဂြိဳင္းယားကုိ ခန႔္အပ္သြားခဲ့ပါတယ္။ နည္းျပ ဆိုးလ္ရွားက ေနာက္ခံလူ မက္ဂြိဳင္းယားဟာ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္လာခဲ့ၿပီး ဆက္လက္ဝတ္ဆင္သြားလိမ့္မယ္လို႔ ေသာၾကေန႔က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

Photo Credit: DailyMail

နည္းျပ ဆိုးလ္ရွားက ” မက္ဂြိဳင္းယားက အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္လာခဲ့ၿပီး ဆက္လက္ ဝတ္ဆင္သြားပါလိမ့္မယ္။ သူက အဖြဲ႕မွာ ေခါင္းေဆာင္ ျဖစ္ေနခဲ့ပါတယ္။ သူ႔ရဲ႕ ေခါင္းေဆာင္မႈ အရည္အခ်င္းေၾကာင့္ ကြၽန္ေတာ္ သူ႔ကို အထင္ႀကီးပါတယ္။ ဒါေၾကာင့္မို႔ သူကပဲ ေခါင္းေဆာင္ လက္ပတ္ကို ဆက္လက္ ဝတ္ဆင္သြားမွာပါ”လို႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။

Photo Credit: DailyMail

အက္ရွေလ ယန္းဟာ ရာသီအစမွာ မန္ယူအသင္းေခါင္းေဆာင္ အျဖစ္ ခန႔္အပ္ခံခဲ့ရေပမဲ့လည္း အခုလ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕ ေဈးကြက္အတြင္းမွာပဲ မန္ယူအသင္းကေန ထြက္သြားႏိုင္ပါတယ္။ သူဟာ အင္တာမီလန္အသင္းကို ေပါင္ (၁.၅) သန္းနဲ႔ ေျပာင္းေ႐ြ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္တာေၾကာင့္ မန္ယူအသင္းက အသင္းေခါင္းေဆာင္သစ္ကို ေ႐ြးခ်ယ္ရျခင္း ျဖစ္ႏိုင္ပါတယ္။

{Unicode}

မန်ယူနည်းပြ ဆိုးလ်ရှားကတော့ အက်ရှလေ ယန်းရဲ့ နေရာကို ဆက်ခံသွားမယ့် အသင်းခေါင်းဆောင် အသစ်ဟာ နောက်ခံလူ မက်ဂွိုင်းယား ဖြစ်တယ်လို့ ယနေ့၊သောကြာနေ့မှာပဲ အတည်ပြုခဲ့ပါတယ်။ မက်ဂွါရီယာ လက်စတာစီးတီးအသင်းကနေ မန်ယူအသင်းကို ကလပ် စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် သန်း (၈၀) နဲ့ ရောက်ရှိခဲ့ပြီး (၆) လအကြာမှာ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Photo Credit: DailyMail

အက်ရှလေ ယန်းဟာ စီးရီးအေ ကလပ် အင်တာမီလန်အသင်းကို ပြောင်းရွေ့ဖို့ သေချာသွားခဲ့ပြီ ဖြစ်တာကြောင့် မန်ယူအသင်းက အသင်းခေါင်းဆောင်အဖြစ် မက်ဂွိုင်းယားကို ခန့်အပ်သွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားက နောက်ခံလူ မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်လာခဲ့ပြီး ဆက်လက်ဝတ်ဆင်သွားလိမ့်မယ်လို့ သောကြနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo Credit: DailyMail

နည်းပြ ဆိုးလ်ရှားက ” မက်ဂွိုင်းယားက အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်လာခဲ့ပြီး ဆက်လက် ဝတ်ဆင်သွားပါလိမ့်မယ်။ သူက အဖွဲ့မှာ ခေါင်းဆောင် ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှု အရည်အချင်းကြောင့် ကျွန်တော် သူ့ကို အထင်ကြီးပါတယ်။ ဒါကြောင့်မို့ သူကပဲ ခေါင်းဆောင် လက်ပတ်ကို ဆက်လက် ဝတ်ဆင်သွားမှာပါ”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Photo Credit: DailyMail

အက်ရှလေ ယန်းဟာ ရာသီအစမှာ မန်ယူအသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရပေမဲ့လည်း အခုလ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်အတွင်းမှာပဲ မန်ယူအသင်းကနေ ထွက်သွားနိုင်ပါတယ်။ သူဟာ အင်တာမီလန်အသင်းကို ပေါင် (၁.၅) သန်းနဲ့ ပြောင်းရွေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တာကြောင့် မန်ယူအသင်းက အသင်းခေါင်းဆောင်သစ်ကို ရွေးချယ်ရခြင်း ဖြစ်နိုင်ပါတယ်။