မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားဟာ သူရဲ့ ဆိုးရွှ့ားလှတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက် ပရိသတ်တွေရဲ့ မနှစ်သက်မှုနဲ့ ကြုံတွေ့နေရသလို အစွန်းရောက် ပရိသတ်တစ်ဦးကပါ မက်ဂွိုင်းရားတစ်ဦးတည်းကိုသာမကပဲ မက်ဂွိုင်းရားရဲ့ မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်စာ ပေးပို့လာခဲ့ပြီး မက်ဂွိုင်းရားအနေနဲ့ (၇၂)နာရီအတွင်း ယူနိုက်တက်ကနေ မထွက်ခွာဘူးဆိုရင် နေအိမ်မှာ တပ်ဆင်ထားတဲ့ ဗုံး(၃)လုံးကို ဖောက်ခွဲပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးနဲ့ပါ ရင်ဆိုင်နေရပါတယ်။

Harry Maguire should be left out of 'harder matches' says Man Utd legend  Nemanja Vidic

Photo Credit : The Sun

အသက်(၂၉)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် နောက်ခံကစားသမား မက်ဂွိုင်းရားဟာ ယူနိုက်တက်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်သလို အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးပါ ဖြစ်ပေမယ့်လည်း သူရဲ့ ခံစစ်ကစားပုံ ယိုယွင်းမှုတွေ အသင်းခေါင်းဆောင်ကောင်း တစ်ဦးလို မစွမ်းဆောင်နိုင်မှုတွေကြောင့် အသင်းပရိသတ်တွေသာမကပဲ ဘောလုံးပရိသတ်များစွာရဲ့ လှောင်ပြောင်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အသင်းရဲ့ ရလဒ်ဆိုးတွေဟာလည်း မက်ဂွိုင်းရားရဲ့ ခံစစ်ကစားပုံတွေနဲ့ ဆက်နွယ်လို့နေတာကြောင့် ယူနိုက်တက် ပရိသတ်တွေက မက်ဂွိုင်းရားကို အသင်းကနေ ထွက်ခွာစေချင်နေပြီး အစွန်းရောက် ပရိသတ်တစ်ဦးကတော့ မက်ဂွိုင်းရား အသင်းကနေ ထွက်ခွာသွားဖို့အတွက် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်သတိပေးသွားခဲ့ပါတယ်။

Harry Maguire was ordered to quit Manchester United or die in a vile bomb threat

Photo Credit : The Sun

မက်ဂွိုင်းရားအနေနဲ့ (၇၂)နာရီအတွင်း ယူနိုက်တက်အသင်းကနေ မထွက်ခွာဘူးဆိုရင် သူရဲ့အတူနေချစ်သူ သမီးနှစ်ဦးနဲ့ အတူတကွ နေထိုင်နေတဲ့ နေအိမ်မှာ တပ်ဆင်ထားတဲ့ ဗုံး(၃)လုံးကို ဖောက်ခွဲပစ်သွားမယ်ဆိုတဲ့ ခြိမ်းခြောက်စာကို မက်ဂွိုင်းရားရဲ့ အေးဂျင့်ဆီ အီးမေးလ်နဲ့ ပို့ဆောင်ခဲ့ရာကနေ အခြေအနေတွေက ယုတ်ယုတ်သဲသဲ ဖြစ်သွားခဲ့ရပြီး အထူးရဲတပ်ဖွဲ့ဝင်တွေက အနံ့ခံခွေးတွေနဲ့အတူ မက်ဂွိုင်းရားရဲ့ နေအိမ်ကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ပေမယ့်လည်း ဘာကိရိယာမှ မတွေ့ခဲ့ပဲ မက်ဂွိုင်းရားက လက်ရှိမှာ သူရဲ့အသင်းဖော်တစ်ဦးနဲ့ နေထိုင်နေသလို သူ့မိသားစုတွေကတော့ ဘေးကင်းလုံခြုံရာမှာ နေထိုင်လျက် ရှိနေပါတယ်။ ရဲတပ်ဖွဲ့ဝင်ကတော့ ရှာဖွေမှုတွေကို ရက်ဆက် ပြုလုပ်နေပေမယ့် ဖောက်ဖွဲ့ရေးပစ္စည်းတွေကို ရှာဖွေနိုင်ခြင်း မရှိသေးပဲ ဖြစ်နေရပါတယ်။ ဒီလို အခြေအနေဆိုးမျိုးနဲ့ ကြုံတွေ့ထားခဲ့ရတဲ့ မက်ဂွိုင်းရားဟာ ဒီနေ့ည အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရနိုင်ပြီး မွေးကင်းစ ကလေးငယ် သေဆုံးမှုကြောင့် လီဗာပူးလ်နဲ့ပွဲကို မပါဝင်ဖြစ်ခဲ့တဲ့ ရော်နယ်လ်ဒိုကတော့ အာဆင်နယ်နဲ့ပွှွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။