တော့တင်ဟမ် ဟော့စပါးအသင်း ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းကသူ့ရဲ့အသင်းအနေနဲ့ လက်ရှိချန်ပီယံ လီဗာပူးအသင်းကို စိန်မခေါ်နိုင်စရာ အကြောင်းလုံးဝ မရှိကြောင်းနဲ့ ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဖလားကိုလည်း အရယူနိုင်ကြောင်း ဆိုလိုက်ပါတယ်။ စပါး အသင်းအနေနဲ့ လက်ရှိမှာ အဆင့် ၅ နေရာမှာ ရောက်ရှိနေပြီးတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဘရွန်း နဲ့ ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် အဆင့် ၁ နေရာကို ယာယီ တက်လှမ်းထားနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Standard

“ ခင်ဗျား ကျွန်တော်တို့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ဖလား ကို ရယူနိုင်မယ်လို့ ခင်ဗျား သေချာပေါက် ပြောမိလိမ့်မယ်။ ကျွန်တော်တို့ ဖလားရဖို့ နီးစပ်ခဲ့တာ လေးနှစ်၊ ငါးနှစ်လောက် ရှိနေပါပြီ။ ဒါကြောင့်မို့ အသင်းကောင်းတစ်သင်းရှိပြီး ကစားပွဲအနည်းငယ်သာ နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံ ဖလားကို စိန်ခေါ်ဖို့ မလွယ်ကူပါဘူး။ ဒီရာသီမှာတော့ အရင်ရာသီက လီဗာပူး တစ်သင်းထဲ ထိပ်ကနေ အပြတ်အသတ် ပြေးနေသလို ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီရာသီမှာ တစ်ခြား အသင်းတွေလည်း အခွင့်အရေးတွေ ရပြီးတော့ ပရီးမီးယားလိဂ်က ပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးကစားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ နောက်‌ဆုံးနှစ်ပွဲမှာဆိုရင်လည်း ယုံကြည်မှုက အပြည့်အဝ ရှိခဲ့တယ်။ အနိုင်သေချာမယ့် ပွဲမျိုးတွေမှာ အမှတ်ဆုံးရှုံးနေရတာမျိုးတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ ဒီပိတ်ရက်မှာသာ အနိုင်ရခဲ့ရင် ကျွန်တော်တို့ အသင်း ထိပ်ဆုံးကို ရောက်ရှိမှာပါ ”

Photo Credit: Standard

“ ရာသီတစ်ဝက်လောက်မှာ ရောက်လာပြီး အသင်းကို သူ့ကစားပုံနဲ့ ကစားခိုင်းဖို့ကလည်း နည်းပြတစ်ယောက် အတွက် မလွယ်ကူလှပါဘူး။ အထူးသဖြင့် လော့ဒေါင်းကာလ မျိုးမှာပေါ့။ အဲ့ဒါက ခက်ခဲတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးပွဲတွေ ပြန်စတဲ့ အချိန်မှာ ကျွန်တော်တို့ အသင်းအနေနဲ့ ကစားသမားအသစ်တွေ ခေါ်ယူနိုင်ခဲ့တယ်။ ကျွန်တော်တို့မှာ မော်ရင်ဟို သူ့စိတ်ကြိုက် ကစားနိုင်တဲ့ သန်မာပြီး အင်အားတောင့်တင်းတဲ့ အသင်းကြီးတစ်သင်း ရှိနေပါပြီ။ ဂါရတ်ဘေးလ် နဲ့ ‌ဂျိုးဟတ် လို ကစားသမားမျိုး ရလိုက်တာက ကျွန်တော့် တို့ အတွက် အတော်လေး ကောင်းပါတယ်။ ကျွန်တော်တို့ မှာ အတွေ့အကြုံတွေ အများကြီးရှိနေပါပြီ။ ကျွန်တော်တို့မှာ အသင်းနဲ့ ကိုက်ညီတဲ့ နည်းပြမျိုးလည်း ရှိနေပါပြီ။ ရှေ့ဆက်ရမယ့် ခရီးက အဝေးကြီး လိုပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်ချက် အပြည့်ပါပဲ ” လို့ ဆိုခဲ့ပါတယ်။