စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းကတော့ တံကောက်ကြော ဒဏ်ရာကနေ ပြန် သက်သာလာနေပြီ ဖြစ်ပြီး လိုက်ဇစ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ကစားနိုင်ချေ အလွန် များပါတယ်။ စပါးအသင်းကတော့ လာမယ့် ပွဲစဉ် အဖြစ် ယခုအပတ် အင်္ဂါနေ့ည၊ ဗုဒ္စဟူးနေ့ နံနက် (၂း၃၀) အချိန်မှာ လိုက်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ကစားရမှာပါ။ စပါးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ တိုက်စစ်မှူး ဝါနာရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် လိုက်ဇစ်အသင်းကို (၁-ဝ) ရလဒ်နဲ့ အမ်ကွင်းမှာ ရှုံးခဲ့ပါတယ်။

Photo Credit: Dailymail

စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ လိုက်ဇစ်အသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ကို တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဒုတိယအကျော့မှာ ကစားနိုင်ချေ ရှိပါတယ်။ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစက ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့စဉ်ကတည်းက ပွဲထွက် မကစားနိုင်ခဲ့တော့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ယနေ့၊ တနင်္လာနေ့မှာ တစ်ယောက်တည်း လေ့ကျင့်ရေး ဆင်းခဲ့တာ ဖြစ်ပြီး လေ့ကျင့်ရေး ဆင်းနေတဲ့ ဗီဒီယိုတွေကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ ဗီဒီယို တင်တဲ့ အချိန်မှာ “ကျွန်တော့်ရဲ့ ခြေထောက်မှာ ဘောလုံး ရှိနေပြီး မြက်ခင်းစိမ်းကို ပြန်လာရတာ သဘောကျပါတယ်”လို့ ရေးသားခဲ့ပါတယ်။ တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ မနက်ဖြန်၊ အင်္ဂါနေ့ည၊ လိုက်ဇစ်အသင်းနဲ့ ကစားသွားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်အတွက် ပြင်ဆင်နေတာ ဖြစ်နိုင်ပြီး ပွဲထွက် မကစားရင်တောင် လူစားလဲ ဝင်ရောက် ကစားနိုင်ပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အဝေးကွင်းမှာ လိုက်ဇစ်အသင်းကို အနိုင်ရမှပဲ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး လူစုံပွဲထွက်လာဖွယ် ရှိပါတယ်။ လိုက်ဇစ်အသင်းက အင်္ဂါနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို ပုံမှန်အတိုင်း ကစားသွားမှာ ဖြစ်ပြီး တံခါးပိတ် ကစားမှာ မဟုတ်ဘဲ ပွဲကြည့် ပရိသတ်တွေ ရှိနေမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။