ပရီးမီးယားလိဂ်မှာ ယခင်ကလို အောင်မြင်မှုတွေ ရရှိအောင် အသင်းကို ပြန်လည် တည်ဆောက်နေတဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းဟာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်လဲဖြစ် ၊ စပါးအသင်းရဲ့ အဓိက ကစားသမားလဲဖြစ်တဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တရားဝင်ချိတ်ဆက်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် များ က ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရသူဖြစ်ပြီး သူဟာ ပေါ်တူဂီလူမျိုးနည်းပြဖြစ်တဲ့ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ်အဖြစ် အသင်းရဲ့ ဥက္ကဌလီဗိုင်းက ခန့်အပ်ခဲ့မှုအပေါ် စိတ်ပျက်နေသူတစ်ဦးဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားနေသူပဲ ဖြစ်ပါတယ်။

Photo Credit: Caught Offiside.com

လန်ဒန်မြို့အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြချက်တွေအရ ဟယ်ရီကိန်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုအပေါ် ယုံကြည်စိတ်ချမှု မရှိကြောင်းနဲ့ မော်ရင်ဟိုရဲ့လက်အောက်မှာ အောင်မြင်မှုတွေရရှိဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင် နေပြီး နွေရာသီမှာ စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ သူ့ကိုခေါ်ယူဖို့ ကာလရှည်စောင့်ကြည့်ခဲ့တဲ့ မန်ယူအသင်းတို့ နှစ်သင်းထဲက တစ်သင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိထားရပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဟယ်ရီကိန်းဟာ မန်ယူအသင်းဆီကို ပြောင်းရွှေ့နိုင်ဖို့ ပိုမို နီးစပ် လာခဲ့ပြီး မန်ယူအသင်းဘက်ကလဲ အသင်းရဲ့ လိုအပ်ချက်ဖြစ်တဲ့ တိုက်စစ်နေရာအတွက် ကိန်း ကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးစားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေကိုပါ တစ်ပါထဲ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Photo Credit: Caught Offiside.com

Athletic သတင်းစာရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ယမန်နေ့က စပါးအသင်းထံကို ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ် ပြီး တရားဝင်ချိတ်ဆက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး စပါးအသင်းဘက်ကလည်း မန်ယူ အသင်းနဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေ ရှိခဲ့တယ် လို့ သိရှိရပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး အပါအဝင်ဖြစ်နေတာကြောင့် မန်ယူအသင်းဘက်က သူ့ကိုခေါ်ယူရာမှာ များပြားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရဖွယ် ရှိနေပြီး ဘောလုံးကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်း ဝန်းကျင်ကို ပေးချေရဖို့ ရှိနေတယ်လို့ သိထားရပြီး ဟယ်ရီကိန်းကို ခေါ်ယူဖြစ်ပါက လက်ရှိ အငှားနဲ့ခေါ်ယူထားတဲ့ အစ်ဟာလိုကို အပြီးသတ်ခေါ်ယူမှာ မဟုတ်ဘူးလို့လဲ သိရပါတယ်။