MySport Myanmar

ဟာရီကိန်းကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အန်နရီကေး

ပီအက်စ်ဂျီ နည်းပြသစ် လူးဝစ် အန်နရီကေးက တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ် ကစားသမား ဟာရီကိန်းကို အသင်း တိုက်စစ်ပိုင်းအတွက် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ပီအက်စ်ဂျီနဲ့ ရင်းနှီးတဲ့ source တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : PSG Talk

အသင်းရဲ့ ဂိုးသွင်းစက် အသင်းမှာ အားအထားရဆုံးသော ကြယ်ပွင့် ကစားသမား ကီလီယန် အမ်ဘာပေရဲ့ လက်ရှိ အခြေအနေတွေကြောင့် တိုက်စစ်ပိုင်းကို မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်လာခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အိုဆင်မန် ဗလာဟိုဗစ်တို့လို စီးရီးအေရဲ့ တိုက်စစ်မှူးတွေကို ပစ်မှတ်ထားနေခဲ့ပေမယ့် လက်ရှိ အသင်းကို ရောက်ရှိနေတဲ့ နည်းပြသစ် အန်နရီကေးကတော့ နံပါတ်(၉)နေရာအတွက် ဟာရီကိန်းကိုသာ အလိုရှိနေပါတယ်။

Photo Credit : Bavarian Football Works

ပီအက်စ်ဂျီက ဒီနွေမှာ ကစားသမားသစ်တွေ အမြောက်အများ ခေါ်ယူထားခဲ့ပေမယ့်လည်း ဒီ ခေါ်ယူမှုတွေက အန်နရီကေးကို မခန့်အပ်ခင်မှာ ခေါ်ယူထားခဲ့တာ ဖြစ်သလို တိုက်စစ်ပိုင်းအတွက် ခေါ်ယူမှုကလည်း မပါသေးတာကြောင့် ကိန်း ကို ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ကမ်းလှမ်းလာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ သူတို့ နည်းပြသစ် အလိုရှိနေတဲ့ ကိန်းအတွက် တစ်နှစ်လုပ်ခ ယူရို (၁၆)သန်းနဲ့အထက် ပေးချေသွားဖို့ ရှိနေပြီး စာချုပ်သက်တမ်းကိုလည်း (၄)နှစ် +(၁)နှစ်နဲ့ ကမ်းလှမ်းသွားဖို့လည်း ရှိနေပါတယ်။ ဒါ့အပြင် ကိန်းရဲ့ အပြောင်းအရွှေ့ အသင်းဥက္ကဌတွေကြား ဆွေးနွေးမှုတွေလည်း စတင်နေပြီဖြစ်ပြီး ပီအက်စ်ဂျီဘက်က ကိန်း အပြောင်းအရွှေ့အတွက် အသင်းရဲ့ စပိန် ကွင်းလယ် ကစားသမား ဖာဘီယန် ရုစ်ဇ်ကိုပါ အလိုက်ပေးသွားဖို့လည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ကိန်းကို ဘွန်ဒက်စ်လီဂါရဲ့ အင်အားအကြီးဆုံးအသင်း ဘိုင်ယန်လည်း အသည်းအသန် ကြိုးပမ်းလျက် ရှိနေပေမယ့် ဘိုင်ယန်ရဲ့ ဒုတိယအကြိမ်မြောက် ကမ်းလှမ်းချက်ဖြစ်တဲ့ ပေါကင် သန်း (၇၀) + အပိုဆုကြေး ကမ်းလှမ်းမှုကိုလည်း စပါးဘက်က သေချာပေါက် ပယ်ချသွားဖွယ်သာ ရှိနေပါတယ်။

Exit mobile version