လက္ရွိပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာစာအတြက္ ယူနိုက္တက္ ၊ ခ်ယ္လ္ဆီး ၊ အာဆင္နယ္အသင္း ၊ ဝုဗ္အသင္းတို႔နဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ စပါးအသင္းအတြက္ေတာ့ ေခါင္းခဲေစမယ့္ ဒဏ္ရာျပႆနာသတင္းတစ္ခု ရွိေနခဲ့ပါတယ္။ အဲ့ဒါကေတာ့ အသင္းရဲ့ အဓိကတိုက္စစ္မွူး ဟယ္ရီကိန္းရဲ့ ဒဏ္ရာျပႆနာသတင္းပဲ ျဖစ္ပါတယ္။

Photo Credit: Mirror.com

ေဆာက္သမ္တန္အသင္းကို တစ္ဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ အေရးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ စပါးအသင္းရဲ့ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ ဘယ္ဘက္တံေကာက္ေၾကာဒဏ္ရာကို ရရွိခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အဆိုပါဒဏ္ရာကို ကနဦးစစ္ေဆးမွုေတြ ျပဳလုပ္ၿပီးခဲ့ပါၿပီ။ ကနဦး စစ္ေဆးခ်က္ေတြအရ ဟယ္ရီကိန္းရဲ့ ဒဏ္ရာဟာ ထင္ထားတာထက္ ပိုၿပီးေတာ့ ျပင္းထန္ေနတယ္လို႔ သိရပါတယ္။

Photo Credit: Mirror.com

ဟယ္ရီကိန္းရဲ့ ဒဏ္ရာျပႆနာအေျခအေနနဲ႔ ပတ္သတ္ၿပီး စပါးအသင္းရဲ့ ထုတ္ျပန္ ေၾကညာမွုမွာေတာ့ ” ေသာၾကာေန႔မွာ ေဆးစစ္ေဆးမွုေတြအရ ေဆာက္သမ္တန္အသင္းနဲ႔ ပြဲစဥ္မွာ ဟယ္ရီကိန္းဟာ ဘယ္ဘက္တံေကာက္ေၾကာ ဆုတ္ျပဲသြားတယ္လို႔ သိရပါတယ္။ ဒဏ္ရာနဲ႔ ပတ္သတ္ၿပီး ေနာက္ထပ္ ေဆးစစ္မွုေတြကို ထပ္ၿပီး လုပ္ေဆာင္ရမွာပါ ” လို႔ ပါဝင္ပါတယ္။

Photo Credit: Mirror.com

လက္ရွိအခ်ိန္မွာေတာ့ ဟယ္ရီကိန္းရဲ့ ေနရာအတြက္ ေမာ္ရင္ဟိုဟာ စပါးအသင္းရဲ့ လူငယ္ တိုက္စစ္မွူးျဖစ္တဲ့ ပယ္ေရာ့ကို အသုံးျပဳဖို႔ စီစဥ္ေနတယ္လို႔ သိရွိရပါတယ္။ ေဘာလုံးကၽြမ္းက်င္သူေတြရဲ့ သုံးသပ္ခ်က္ေတြအရ ဟယ္ရီကိန္းဟာ အနိမ့္ဆုံး သီတင္းပတ္ သုံးပတ္ကေန ေလးပတ္အၾကား အနားယူရဖြယ္ရွိေနတယ္လို႔ သိထားရပါတယ္။

လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက် ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ အာဆင်နယ်အသင်း ၊ ဝုဗ်အသင်းတို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် စပါးအသင်းအတွက်တော့ ခေါင်းခဲစေမယ့် ဒဏ်ရာပြဿနာသတင်းတစ်ခု ရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ဒဏ်ရာပြဿနာသတင်းပဲ ဖြစ်ပါတယ်။

Photo Credit: Mirror.com

ဆောက်သမ်တန်အသင်းကို တစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဘယ်ဘက်တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါဒဏ်ရာကို ကနဦးစစ်ဆေးမှုတွေ ပြုလုပ်ပြီးခဲ့ပါပြီ။ ကနဦး စစ်ဆေးချက်တွေအရ ဟယ်ရီကိန်းရဲ့ ဒဏ်ရာဟာ ထင်ထားတာထက် ပိုပြီးတော့ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Photo Credit: Mirror.com

ဟယ်ရီကိန်းရဲ့ ဒဏ်ရာပြဿနာအခြေအနေနဲ့ ပတ်သတ်ပြီး စပါးအသင်းရဲ့ ထုတ်ပြန် ကြေညာမှုမှာတော့ ” သောကြာနေ့မှာ ဆေးစစ်ဆေးမှုတွေအရ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းဟာ ဘယ်ဘက်တံကောက်ကြော ဆုတ်ပြဲသွားတယ်လို့ သိရပါတယ်။ ဒဏ်ရာနဲ့ ပတ်သတ်ပြီး နောက်ထပ် ဆေးစစ်မှုတွေကို ထပ်ပြီး လုပ်ဆောင်ရမှာပါ ” လို့ ပါဝင်ပါတယ်။

Photo Credit: Mirror.com

လက်ရှိအချိန်မှာတော့ ဟယ်ရီကိန်းရဲ့ နေရာအတွက် မော်ရင်ဟိုဟာ စပါးအသင်းရဲ့ လူငယ် တိုက်စစ်မှူးဖြစ်တဲ့ ပယ်ရော့ကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရ ဟယ်ရီကိန်းဟာ အနိမ့်ဆုံး သီတင်းပတ် သုံးပတ်ကနေ လေးပတ်အကြား အနားယူရဖွယ်ရှိနေတယ်လို့ သိထားရပါတယ်။