စပါးအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဟာရီကိန်းက လာမယ့်နွေရာသီအတွင်း သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ မချမှတ်ခင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းချက် မှန်သမျှကို နားထောင်သွားဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် နာမည်ကျော် သတင်းမီဒီယာ The Athletic ကနေ ဖော်ပြသွားခဲ့ပါတယ်။

Kane is reportedly "curious" to hear what Man Utd can offer

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ပြီးခဲ့တဲ့ နွေကမှ ယူနိုက်တက်ရဲ့ မြို့ခံအသင်း မန်စီးတီးကို ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့ရပေမယ့်လည်း အပြောင်းအရွှေ့က ဖြစ်မလာခဲ့ရပဲ စပါးအသင်းမှာသာ ဆက်လက်ကျန်ရှိခဲ့ရပါတယ်။ ကိန်းဟာ စပါးအသင်းနဲ့ (၂)နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို လက်ရှိမှာလည်း နည်းပြကွန်တီနဲ့ပါ အဆင်ပြေလျက် ရှိနေတဲ့အတွက် အသင်းမှာပဲ ဆက်လက်ရှိနေနိုင်ပေမယ့် သူ့ကို အသင်းများစွာက ဆက်လက်ပစ်မှတ်ထားနေကြသလို ကိန်းကိုယ်တိုင်ကလည်း သူ့အနာဂတ်အတွက် တိကျတဲ့ ဆုံးဖြတ်ချက်မျိုး မချမှတ်ရသေးပဲ ဖြစ်နေရပါတယ်။

Photo Credit : TEAMtalk

ကိန်းလို တစ်ရာသီအတွင်း သွင်းဂိုးများစွာ သွင်းယူနိုင်တဲ့သူ ဂိုးဖန်တီးမှုတွေနဲ့ ဂိုးပါဝင်ပတ်သက်မှုကောင်းတဲ့သူ တိုက်စစ်ပိုင်းမှာ အားကိုးအားထားရသူကို စျေးကွက်ဖွင့်ချိန်ရောက်တိုင်းမှာ ခေါ်ယူချင်ကြတဲ့ ကလပ်အသင်းတွေ များစွာရှိနေကြပြီး ဒီအသင်းတွေထဲမှာ မန်ချက်စတာနှစ်သင်းလုံး ပါ၊ဝင်လို့နေပါတယ်။ ဒါပေမယ့် မန်စီးတီးဘက်ကတော့ ကိန်းထက် ဟာလန်းကိုသာ ပိုမို ဦးစားပေး ကမ်းလှမ်းသွားဖို့ ရှိနေတဲ့အတွက် ယူနိုက်တက်အသင်းကသာ ကိန်းကို ပိုပြီး အာရုံစိုက်လာနိုင်သလို ကိန်းကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းချက် မှန်သမျှကို နားစွင့်သွားဇို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာလည်း လာမယ့်နွေမှာ ကာဗာနီ မာစီယဲလ်တို့ကို သေချာပေါက် ဆုံးရှုံးရဖွယ် ရှိနေသလို အခန့်မသင့်ရင် ရော်နယ်လ်ဒိုပါ အသင်းနဲ့ လက်တွဲဖြုတ်သွားနိုင်တာကြောင့် တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူးတစ်ဦးကို ပြန်လည်ခေါ်ယူချင်နေပြီး အသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ကိန်းကိုလည်း ချိန်ရွှယ်လို့နေပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီအတွက် အသင်းနည်းပြအဖြစ် တန်ဟက်ဂ်ထက် စပါးနည်းပြဟောင်း ပိုချက်တီနိုကိုသာ ခန့်အပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားခဲ့တယ်ဆိုရင်တောင် ကိန်းအနေနဲ့ ပိုချက်တီနိုကြောင့် ယူနိုက်တက်ကို ရွေးူချယ်ဖွယ် ရှိလာနိုင်ပါတယ်။