စပါးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကတော့ စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ အင်္ဂလန် ပြင်ပအသင်းကို ပြောင်းခွင့် ရှိပေမဲ့လည်း အင်္ဂလန်အသင်းမှာသာ ဆက်ကစားသင့်ပြီး မန်ချက်စတာအသင်း ဖြစ်တဲ့ မန်ယူ ဒါမှမဟုတ် မန်စီးတီးကို ပြောင်းသင့်တယ်လို့ ဆိုပါတယ်။ စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ စပါးအသင်းမှာ ကစားတာ ကြာပြီ ဖြစ်ပေမဲ့လည်း ဆုဖလား ရရှိခြင်း မရှိသေးဘဲ အမြင့်ဆုံးအဖြစ် စပါးနည်းပြဟောင်း ပိုချယ်တီနိုရဲ့ လက်အောက်မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့ပြီး ဆုဖလား ရရှိနိုင်ဖို့ အသင်းပြောင်းချင်လျက် ရှိပါတယ်။

Photo Credit: MEN

အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ ပြီးခဲ့တဲ့ ဇန်ဝါရီလက ပေါင်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဇန်နဝါရီလကတည်းက စပါးအသင်းအတွက် တစ်ပွဲမှ မကစားနိုင်ခဲ့တော့တာ ဖြစ်ပြီး လက်ရှိမှာလည်း ဒဏ်ရာက ပြန်လည် သက်သာလာဖို့ ကြိုးစားနေဆဲအချိန် ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟယ်ရိ ကိန်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြ ကစားခဲ့ပြီး စပါး တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကတော့ တိုက်စစ်မှူး ဟယ်ရီ ကိန်းအနေနဲ့ အင်္ဂလန် ပြင်ပအသင်းထက်စာရင် အင်္ဂလန်မှာသာ ဆက်ကစားသင့်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: MEN

ဂယ်ရီ လိုင်နီကာက “ဟယ်ရီ ကိန်းအနေနဲ့ အင်္ဂလန် ပြင်ပအသင်းကို ပြောင်းနိုင်ချေရှိပါတယ်။ အင်္ဂလန် ပြင်ပအသင်းကို ပြောင်းလို့ အဆင်မပြေကြတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ သူက လက်ရှိမှာ အသက် (၃၂) နှစ် ပြည့်တော့မှာ ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ ဆိုရင် မန်ယူအသင်း ဒါမှမဟုတ်ရင် မန်စီးတီးအသင်းကို ပြောင်းသင့်ပါတယ်။ အဲဒီနှစ်သင်းကလည်းပဲ ဗဟိုတိုက်စစ်မှူးကို အလိုရှိနေပါတယ်။ သူ့မှာ ရွေးချယ်စရာ (၁) ခု ဒါမှမဟုတ်ရင်လည်း (၂) ခု ရှိပါတယ်။ ဘာစီလိုနာအသင်းက ဆွာရက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ သူ့ကို ခေါ်ယူနိုင်သလို ရီးရဲလ်အသင်းကလည်း ဘန်ဇီမာရဲ့ နေရာမှာ အစားထိုးဖို့ ခေါ်ယူူနိုင်ပါတယ်”လို့ ပြောပါတယ်။