ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အမှတ်ပေးဇယားအောက်ဆုံး နောရစ်ခ်ျစီးတီးကို သရေကျအောင်တောင် မနည်းကန်ယူခဲ့ရတဲ့ စပါးအသင်းဟာ မနေ့ညကတော့ ဆောက်သမ်တန်အသင်းရဲ့အိမ်ကွင်းစိန့်မေရီမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး စပါးအသင်းရဲ့အဝေးကွင်းကစားအား ယိုယွင်းမှုနဲ့ ဆောက်သမ်တန်ရဲ့အိမ်ကွင်းကစားပုံ မာကြောမှုတွေကြောင့် သွင်းးဂိုးတောင်ရယူနိုင်ခြင်းမရှိပဲ အသင်းရဲ့အဓိက တိုက်စစ်ကစားသမား ဒင်နီအင့်ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။
(Unicode)
ဒဏ်ရာပြသာနာကြောင့် ရက်အနည်းငယ် အနားယူရနိုင်တဲ့ စပါးကြယ်ပွင့် ဟယ်ရီကိန်း
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အမှတ်ပေးဇယားအောက်ဆုံး နောရစ်ချ်စီးတီးကို သရေကျအောင်တောင် မနည်းကန်ယူခဲဲ့ရတဲ့ စပါးအသင်းဟာ မနေ့ညကတော့ ဆောက်သမ်တန်အသင်းရဲ့အိမ်ကွင်းစိန့်မေရီမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး စပါးအသင်းရဲ့အဝေးကွင်းကစားအား ယိုယွင်းမှုနဲ့ ဆောက်သမ်တန်ရဲ့အိမ်ကွင်းကစားပုံ မာကြောမှုတွေကြောင့် သွင်းးဂိုးတောင်ရယူနိုင်ခြင်းမရှိပဲ အသင်းရဲ့အဓိက တိုက်စစ်ကစားသမား ဒင်နီအင့်ရဲဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။
Photo Credit : Getty Images
ဒါဟာ နည်းပြသစ်ဟိုဆေးမော်ရင်ဟိုရဲဲ့လက်အောက် စပါးအသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့တတိယမြောက်ရှုံးပွဲ ဖြစ်လာခဲ့ရသလို ဒုတိယမြောက် သွင်းဂိုးမရယူနိုင်ခဲ့တဲ့ ပွဲစဉ်လည်းဖြစ်ခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်အတွင်းမှာ စပါးနည်းပြ မော်ရင်ဟိုက ပြိုင်ဘက်ဆောက်သမ်တန်အသင်းရဲ့နည်းပြဧရိယာအတွင်းကို ဝင်ရောက်ခဲ့ပြီး စသလိုနောက်သလို ပုံစံမျိုးနဲ့ နည်းဗျူဟာမှတ်စုကို သွားရောက်ကြည့်ရှုခဲ့တာကြောင့် ကွင်းလယ်ဒိုင်မိုက်ဒင်းက မော်ရင်ဟိုကို အဝါကတ်ပြသပြီး အရေးယူခဲ့ပါတယ်။ ဒီလုပ်ရက်ကြောင့် မော်ရင်ဟိုကိုယ်တိုင် ပြန်လည်တောင်းပန်ခဲ့ရပြီး နောက်ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်လာအောင် သတိထားပါမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Getty Images
နောက်ပြီး ဒီပွဲအတွင်းမှာလည်း စပါးအသင်းရဲ့အဓိက တိုက်စစ်ကစားသမား ဟယ်ရီကိန်းမှလည်း အသင်းအတွက် ချေပဂု်ိးရဖို့ ကြိုးစားခဲ့ရင်း ကြွက်သားဒဏ်ရာရရှိသွားခဲဲ့တာကြောင့် ချက်ချင်းဆိုသလိုပဲ လာမယ်လာနဲ့ လူစားလဲခဲဲ့ရပါတယ်။ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက ရ၅မိနစ်မှာ အဲရစ်ဆင်ရဲ့ဖရီးကစ်ကနေတစ်ဆင့် စပါးအတွက် ချေပဂိုးသွင်းယူခဲ့ပေမယ့် သွင်းဂိုးက လူကျွံနေခဲ့သလို ဒီကန်ချက်ကို မရရအောင် ကန်သွင်းခဲ့တဲ့ ဟယ်ရီကိန်းပါ ဒဏ်ရာရသွားခဲ့ရပါတယ်။ ဒီဒဏ်ရာကြောင့် ဟယ်ရီကိန်းက ရက်အနားငယ်အနားယူရနိုင်တာကြောင့် လာမယ့်ပွဲတွေမှာ တိုက်စစ်ပိုင်းအတွင်း မော်ရင်ဟိုမှာ ရွေးချယ်စရာ နည်းပါးလာခဲ့ပြီး အနီကတ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ဆွန်ဟောင်မင်နဲ့ လူငယ်တိုက်စစ်မှူးလေး ထရွိုင်ပါရော့တို့ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုလာရဖွယ်ရှိသလို တိုက်စစ်မှူးတစ်ယောက်ကိုလည်း အငှားနဲ့ကမ်းလှမ်းရနိုင်ပါတယ်။