စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းတွေ ဖြစ်ကြတဲ့ မန်ယူအသင်း နဲ့ မန်စီးတီး အသင်းကို ငြင်းပြီး စီးရီးအေ ဂျုဗင်တပ်အသင်းကို ရွေးချယ်ဖွယ်ရှိတယ်လို့ ဖော်ပြလာကြပါတယ်။ အီတလီ အခြေစိုက် Tuttosport က ဂျုဗင်တပ် နည်းပြ ဆာရီဟာ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ ပြောင်းရွေ့ကြေး နဲ့ လုပ်အားခ၊ စုစုပေါင်း ပေါင် သန်း (၁၈၀) နဲ့ ချဉ်းကပ်ဖွယ် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဂျုဗင်တပ်အသင်းဟာ မန်စီးတီးအသင်း နဲ့ မန်ယူအသင်းတို့နဲ့ အပြိုင် စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ခေါ်ယူနိုင်ချေ အများဆုံး ဖြစ်နေပါတယ်။

Photo Credit: TheSun

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကစားခွင့် (၂) နှစ်ကြာ ပိတ်ပင်ခံရပြီ ဖြစ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ မန်စီးတီးအသင်းကို ရွေးချယ်သွားဖွယ် မရှိဘူးလို့ ဖော်ပြလာကြပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ယူအသင်းရဲ့ ပြီးခဲ့တဲ့ နှစ် အနည်းငယ်က စွမ်းဆောင်ရည် နဲ့ ရလဒ်ကြောင့် မန်ယူအသင်းကို ရွေးချယ်သွားဖွယ် မရှိဘူးလို့ သတင်း ထွက်ပေါ်လာပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ထက် ဂျုဗင်တပ်အသင်းကို ရွေးချယ်သွားဖွယ် ရှိပြီး ဂျုဗင်တပ်အသင်းရဲ့ ကမ်းလှမ်းကြေးက မြင့်မားမယ့် သဘောမှာ ရှိပါတယ်။

Photo Credit: TheSun

တကယ်လို့ ဂျုဗင်တပ်အသင်းဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူလို့ မရဘူး ဆိုရင် မန်စီးတီး တိုက်စစ်မှူး ဂျေဆပ်ကို ခေါ်ယူဖို့ ချဉ်းကပ်သွားနိုင်ချေ ရှိပါတယ်လို့ သိရရှိပါတယ်။ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ (၂၀၁၈) ခုနှစ်က စပါးအသင်းနဲ့ (၂၀၂၄) ခုနှစ်ကြာအထိ စာချုပ်သစ် ချုပ်ခဲ့ပေမဲ့ စပါးအသင်းအနေနဲ့ သူ့ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာဖွယ် ရှိပါတယ်။ စပါးအသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်သလို အင်္ဂလန် ပြည်တွင်း ဖလား ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာကြောင့် ဖလား လက်မဲ့ ဖြစ်သွားမှာပါ။ စပါးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၈) နေရာ ရရှိထားတာကြေင့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆက်လက် ထိန်းထားဖို့က မလွယ်ကူတာ ဖြစ်ပါတယ်။