စပါးအသင်းကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အဆင့်၄အတွင်း ဝင်နိုင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေရလျက်ရှိနေသလို အသင်းက ဒီနောက်ပိုင်းမှာ ရလဒ်တွေဆိုးရွှားလျက်ရှိနေပြီး အဆင့်ရအထိကို ကျဆင်းလို့နေတဲ့အပြင် အဆင့်၄နေရာက ချယ်လ်ဆီးအသင်းနဲ့လည်း ရမှတ်၅မှတ်အထိ ကွာဟနေတာကြောင့် လက်ကျန်ပွဲတွေမှာ ရုန်းကန်ရဖွယ်ရှိလို့နေပါတယ်။ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းကို နောက်ထပ်ခေါင်းခြောက်စရာ ကိစ္စရပ်တစ်ခုက စောင့်ကြိုလို့နေပြီး ဒါကတော့ လာမယ့်နွေရာသီမှာ သူတို့အသင်းရဲ့အသင်းခေါင်းဆောင် အဓိကတိုက်စစ်ကစားသမား ဟယ်ရီကိန်းကို အသင်းလက်လွတ်ရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

လက်ရှိမှာ ဒဏ်ရာပြသာနာကြောင့် အနားယူနေရတဲ့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းက အသင်းအရေးတကြီး ကစားသမားတစ်ယောက်ဆိုပေမယ့်လည်း လက်ရှိမှာ သူ့အသက်က ၂၆နှစ်အရွှယ်ကို ရောက်ရှိပြီဖြစ်ပြီး အသက်၃၀မတိုင်ခင်မှာ ဒီထက်တစ်ဆင့်မြင့်မားတဲ့ ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေတာကြောင့် ကမ်းလှမ်းမှုတွေထဲက သူ့အတွက် အဆင်ပြေမယ့် ကမ်းလှမ်းမှုတွေကို ရွေးချယ်လာဖွယ်ရှိနေပါတယ်။ စပါးအသင်းကတော့ နည်းပြမော်ရင်ဟိုရော အသင်းဥက္ကဌလီဗိုင်းကိုယ်တိုင်ကပါ ဟယ်ရီကိန်းလို အသင်းရဲ့ခေါင်ကစားသမားကို အသင်းကနေ လုံးဝရောင်းမထုတ်ချင်ပဲ ဆက်လက်ထိန်းသိမ်းသွားနိုင်အောင် ကြိုးပမ်းမှာသေချာနေပါတယ်။

Photo Credit : Getty Image

လက်ရှိမှာတော့ ဟယ်ရီကိန်းကို ရီးရဲလ်မက်ရစ် ဘာစီလိုနာအသင်းတွေအပြင် စပါးအသင်းရဲ့ ပစ်မှတ်ထားလျက်ရှိနေကာ တကယ်လို့သာ ရာသီအကုန်မှာ ယူနိုက်တက်အသင်းက လက်ရှိနည်းပြဆိုးလ်ရှားကို ထုတ်ပယ်ပြီး စပါးနည်းပြဟောင်း ပိုချက်တီနိုကိုသာ ခန့်အပ်လိုက်မယ်ဆိုရင်တော့ ယူနိုက်တက်မှာ ပိုချက်တီနိုနဲ့ ဟယ်ရီကိန်းတို့ ပြန်ပေါင်းထုတ်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းလိုအပ်ချက်တွေ ဖြည့်စွက်သွားတော့မယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း သူတို့ရဲ့ကာလရှည်ပစ်မှတ်တစ်ခုဖြစ်တဲ့ ဟယ်ရီကိန်းကို ကမ်းလှမ်လာကြဖွယ်ရှိနေပါတယ်။ လက်ရှိအနေအထားအရ ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် အနည်းဆုံး ပေါင်သန်းတစ်ရာလောက်အထိ အသုံးပြုလာရနိုင်ပြီး အဂူရိုနဲ့ လက်တွဲဖြုတ်ဖို့နီးစပ်နေတဲ့ မန်စီးတီးကလည်း ဟယ်ရီကိန်းရဲ့အခြေအနေကို စောင့်ကြည့်လျက်ရှိလို့နေပါတယ်။