စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ လက်ရှိမှာ ဒဏ်ရာပြသာနာ ခံစားနေရပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပျက်ကွယ်ခဲ့ရတဲ့အတွက် လာမယ့် တနင်္ဂနွေနေ့ညမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်အတွင်း ပါဝင်ဆင်နွဲဖို့က မရေမရာ ဖြစ်လာခဲ့ရပြီး ဒဏ်ရာကနေ အချိန်မီပြန်ကောင်းဖို့ မျှော်လင့်ကြောင်း စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအတွက် အတော်လေးခြေစွမ်းပြသလို့နေပြီး သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးဖန်တီးမှု(၉)ကြိမ်အထိကို စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြထားခဲ့တဲ့ ဟယ်ရီကိန်းဟာ လက်ရှိမှာတော့ အသေးစား ဒဏ်ရာပြသာနာတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပျက်ကွက်ထားခဲ့ပြီး ကိန်အပြင် ရယ်ဂီလွန် ဗင်နီစီယပ်စ်နဲ့ လာမယ်လာတို့မှာလည်း ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Photo Credit : The Sun

အသင်းရဲ့ ဒဏ်ရာအခြေအနေတွေနဲ့ပတ်သက်ပြီး နည်းပြမော်ရင်ဟိုက “လာမယ်လာက ဒဏ်ရာရထားလို့ ဒီတစ်ပတ် Weekend မှာ ပါဝင်ဖြစ်ဦးမယ်လို့ ကျွန်တော်မထင်မိသေးပါဘူး။ ဟယ်ရီ ဗင်နီစီယပ်စ်နဲ့ ရယ်ဂီလွန်တို့ကတော့ ဒီတစ်ပတ် Weekend မှာ ပါဝင်ဖို့ အခွင့်အရေး ရှိလာနိုင်လောက်ပါတယ်။ လက်ရှိမှာတော့ ဟယ်ရီကိန်းရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အတိအကျ ပြောလို့မရနိုင်သေးပါဘူး။ သူအနေနဲ့ အာဆင်နယ်အသင်းနဲ့ပွဲကို ပါဝင်ကစားဖို့ အခွင့်အရေး ရှိလာမယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ သူပါဝင်လာနိုင်သလား မပါဝင်နိုင်လားဘူးဆိုတာကို ကျွန်တော်လိမ်ညာပြီး မပြောချင်ပါဘူး။ သူပါဝင်ကစားသွားလိမ့်ယ်လို့ ကျွန်တော်ထင်မိပါတယ်” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် စပါးအသင်းအတွက် သတင်းကောင်းကတော့ ဒဏ်ရာကြောင့် အနားယူနေရတဲ့ အသင်းရဲ့ အဓိကနောက်ခံကစားသမား အယ်ဒါဝီရယ်က ပြန်လည်သက်သာလာပြီဖြစ်ပြီး အသင်းနဲ့လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်လို့ အာဆင်နယ်နဲ့ပွဲကို ပါဝင်လာနိုင်ဖွယ် ရှိနေသလို မပါဝင်နိုင်ခဲ့ရင်လည်း ချယ်လ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဂျိုးရိုဒွန်ကို ထပ်မံအသုံးပြုသွားမယ်လို့ မော်ရင်ဟိုက ပြောဆိုလာခဲ့ပါတယ်။