မနေ့ညက ဂျာမနီမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက အိမ်ရှင်ဒေါ့မွန်အသင်းကို (1-0) နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့လည်း လန်ဒန်မှာ ပြန်လည် ကစားသွားရမဲ့ ဒုကျော့ပွဲစဉ်အတွင်း ချဲလ်ဆီးက ဒေါ့မွန်ကို ပြန်လည် အနိုင်ယူ ကျော်ဖြတ်သွားနိုင်တယ်လို့ အင်္ဂလန် ကစားသမားဟောင်းကြီး အိုဝင်ဟားဂရေ့ဗ်က အခိုင်အမာ ပြောဆိုလာခဲ့ပါတယ်။

Chelsea squandered a number of opportunities including from Joao Felix (pictured)

Photo Credit : Daily Mail

ဆောင်းရာသီ ဈေးကွက်အတွင်း ထိပ်တန်း ကစားသမားတွေ များစွာ ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ နောက်ဆုံး ကစားထားခဲ့သမျှ ပြိုင်ပွဲစုံ ပွဲစဉ်(၅)ပွဲအတွင်း ခရစ္စတယ်ပဲလေ့စ် တစ်သင်းတည်းကိုသာ အနိုင်ရထားပြီး (၄)ပွဲဆက်တိုက်အထိကို နိုင်ပွဲ ပျောက်ထားခဲ့ရသလို အဲ့ဒီ(၅)ပွဲမှာလည်း (၃)ပွဲအထိ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ မနေ့ညကလည်း ချန်ပီယံလိဂ် ပွဲစဉ်အတွင်း ဒေါ့မွန်ကို တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရပြန်ပြီး ရလဒ်ဆိုးတွေကြားက ရုန်းမထွက်နိုင်သေးပေမဲ့ ဒုကျော့မှာ အကောင်းဆုံး ပြန်လာနိုင်သေးတယ်လို့ ဟားဂရေ့ဗ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Owen Hargreaves though still feels Chelsea can 'easily advance' into the quarter-finals

Photo Credit : Daily Mail

“ကျွန်တော်က ဒီပွဲက အဆုံးမသတ်သေးဘူးလို့ ထင်ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမဲ့ ဒုတိယအကျော့မှာ ချယ်လ်ဆီးက လွယ်လွယ်ကူကူ နိုင်ပွဲ ရနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။ ဒါပေမဲ့လည်း ဒေါ့မွန်က ကျွန်တော်တို့ မြင်တွေ့ထားခဲ့ရသလို ချဲလ်ဆီးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပါလိမ့်မယ်။ ပထမပိုင်း ပွဲချိန်အတွင်းမှာ ချဲလ်ဆီးက ပွဲကို စိုးမိုးထားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ကောင်းမွန်တယ်။ တိုက်စစ်ပိုင်းအတွက် ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ ခံစစ်ပိုင်းမှာလည်း အနည်းငယ် ပိုပြီး ကျစ်လစ်လာတယ်လို့ မြင်မိပါတယ်”

Chelsea are on the brink of elimination after their 1-0 defeat against Borussia Dortmund

Photo Credit : Daily Mail

“ဒါကြောင့်ပဲ ဒီရလဒ်က မပြီးဆုံးသေးဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးက အဆုံးသတ်ပိုင်းတွေသာ ပိုတိကျ ကောင်းမွန်ခဲ့မယ်ဆိုရင် တိုက်စစ်မှာ အသင်းအတွက် ပိုပြီး အသုံးတည့်နိုင်မဲ့ ကစားသမားကို ကစားခိုင်မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကို အလွယ်တကူတောင် တတ်လှမ်းနိုင်မှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် မတ်လ (၇)ရက်နေ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ပြန်လည် ယှဉ်ပြိုင်စေမှာဖြစ်ပြီး ချဲလ်ဆီးအနေနဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့အတွက် (၂)ဂိုးပြတ် သွင်းယူနိုင်ဖို့ လိုအပ်နေပါတယ်။