၂၀၂၀ခုနှစ်ရဲ့ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို စတင်ကျင်းပလာခဲ့တာ အခုဆိုရင်တော့ ပွဲစဉ်(၃)အထိ ကျင်းပပြီးခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ်၃ပွဲအပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေရတဲ့အသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် ချန်ပီယံဟောင်းတွေဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် ရတနာပုံအသင်းတွေမဟုတ်ပဲ ပဲခူတိုင်းကိုယ်စားပြု ဟံသာဝတီအသင်းဖြစ်နေကာ နည်းပြမျိုးမင်းထွန်းလက်ထက် ၃ပွဲလုံးကို ရာနှုန်းပြည့်အနိုင်ယူထားခဲ့ပြီး အဆင့်၂က ရန်ကုန်အသင်းကို ရမှတ်၂မှတ် ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Hantharwady United Football Club Facebook

ဟံသာဝတီယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ ရခိုင်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲစဉ်ဖြစ်တဲဲ့ မြန်မာနေရှင်နယ်လိဂ်ရဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ကာ ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၅ရက်နေ့ကမှ ကစားခဲဲ့တဲဲ့ ချင်းယူနိုက်တက်နဲ့ပွဲမှာလည်း အီမီကာ ဒိုနယ် နန်းဝေမင်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၃ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၃ပွဲဆက် ရာနှုန်းပြည့်အနိုင်ရရှိထားခဲ့ပါတယ်။

Photo Credit : Hantharwady United Football Club Facebook

လာမယ့် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ကျင်းပသွားမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄)မှာလည်း အမှတ်ပေးဇယားအောက်နားမှာ ရောက်ရှိနေရတဲ့ ဆောက်သမ်းမြန်မာနဲ့ တွေ့ဆုံရမှာဖြစ်လို့ နိုင်ပွဲဆက်ဖို့က သေချာသလောက်ရှိနေပါတယ်။ ဟံသာဝတီအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွက် ကစားသမားအားဖြည့်တင်းမှုကို ၂ကြိမ်သာ ပြုလုပ်ထားခဲ့ပြီး ဒေါ်နယ်ကို စစ်ကိုင်းကနေ ခေါ်ယူထားခဲ့သလို ရန်ကုန်ယူနိုက်တက် နောက်ခံကစားသမား နန်းဝေမင်းကိုလည်း ခေါ်ယူထားခဲ့ပါတယ်။ အဓိကတော့ ဒီရာသီမှ အသင်းနဲ့ ပူးပေါင်းဖြစ်တဲ့ နည်းပြသစ်မျိုးမင်းထွန်းလက်ထက်မှာ ကစားပုံအရမ်းတိုးတတ်ကောင်းမွန်လာခဲ့ရပြီး ဒီရာသီမှာ ဟံသာဝတီအသင်းကို မြန်မာနေရှင်နယ်လိဂ်မှာ ရပ်တည်မှုကောင်းတစ်ခုရအောင် လုပ်ဆောင်ပေးဖွယ်ရှိနေပါတယ်။ ဟံသာဝတီအသင်းဟာ နေရှင်နယ်လိဂ်မှာ လုံးဝကို ဗိုလ်စွဲထားခြင်းမရှိပဲ MFF Cup ရှံးထွက်ဖလားကိုသာ ၂၀၁၁ခုနှစ်က ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ရာသီသစ္မွာ ပုံစံေကာင္းျပသၿပီး တာထြက္လွပလ်က္ရွိေနတဲ႔ ဟံသာဝတီယူႏုိက္တက္

၂၀၂၀ခုႏွစ္ရဲ႕ ျမန္မာေနရွင္နယ္လိဂ္ အမွတ္ေပးေဘာလုံးၿပိဳင္ပြဲကုိ စတင္က်င္းပလာခဲ႔တာ အခုဆုိရင္ေတာ့ ပြဲစဥ္(၃)အထိ က်င္းပၿပီးခဲ႔ၿပီျဖစ္ပါတယ္။ ပြဲစဥ္၃ပြဲအၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနရတဲ႔အသင္းက လက္ရွိခ်န္ပီယံ ရွမ္းယူႏုိက္တက္ ခ်န္ပီယံေဟာင္းေတြျဖစ္တဲ႔ ရန္ကုန္ယူႏုိက္တက္ ရတနာပုံအသင္းေတြမဟုတ္ပဲ ပဲခူတုိင္းကုိယ္စားျပဳ ဟံသာဝတီအသင္းျဖစ္ေနကာ နည္းျပမ်ိဳးမင္းထြန္းလက္ထက္ ၃ပြဲလုံးကုိ ရာႏႈန္းျပည့္အႏုိင္ယူထားခဲ႔ၿပီး အဆင့္၂က ရန္ကုန္အသင္းကုိ ရမွတ္၂မွတ္ ျဖတ္ေတာက္ထားႏုိင္ခဲ႔ပါတယ္။

Photo Credit : Hantharwady United Football Club Facebook

ဟံသာဝတီယူႏုိက္တက္အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီအစမွာ ရခုိင္ယူႏုိက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ႔ၿပီး ၁ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရခဲ႔သလုိ ဒုတိယပြဲစဥ္ျဖစ္တဲဲ႔ ျမန္မာေနရွင္နယ္လိဂ္ရဲ႕ လက္ရွိခ်န္ပီယံ ရွမ္းယူႏုိက္တက္အသင္းနဲ႔ ကစားရမွာလည္း ေျခစြမ္းျပသႏုိင္ခဲ႔ကာ ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ႔ပါေသးတယ္။ ၿပီးခဲ႔တဲ႔ ၂၅ရက္ေန႔ကမွ ကစားခဲဲ႔တဲဲ႔ ခ်င္းယူႏုိက္တက္နဲ႔ပြဲမွာလည္း အီမီကာ ဒုိနယ္ နန္းေဝမင္းတုိ႔ရဲ႕သြင္းဂုိးေတြနဲ႔အတူ ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ့ၿပီး ၃ပြဲဆက္ ရာႏႈန္းျပည့္အႏုိင္ရရွိထားခဲ႔ပါတယ္။

Photo Credit : Hantharwady United Football Club Facebook

လာမယ့္ ေဖေဖာ္ဝါရီလ ၂ရက္ေန႔မွာ က်င္းပသြားမယ့္ ျမန္မာေနရွင္နယ္လိဂ္ ပြဲစဥ္(၄)မွာလည္း အမွတ္ေပးဇယားေအာက္နားမွာ ေရာက္ရွိေနရတဲ႔ ေဆာက္သမ္းျမန္မာနဲ႔ ေတြ႕ဆုံရမွာျဖစ္လုိ႔ ႏုိင္ပြဲဆက္ဖုိ႔က ေသခ်ာသေလာက္ရွိေနပါတယ္။ ဟံသာဝတီအသင္းဟာ ဒီႏွစ္ေဘာလုံးရာသီအတြက္ ကစားသမားအားျဖည့္တင္းမႈကုိ ၂ႀကိမ္သာ ျပဳလုပ္ထားခဲ႔ၿပီး ေဒၚနယ္ကုိ စစ္ကုိင္းကေန ေခၚယူထားခဲ႔သလုိ ရန္ကုန္ယူႏုိက္တက္ ေနာက္ခံကစားသမား နန္းေဝမင္းကုိလည္း ေခၚယူထားခဲ႔ပါတယ္။ အဓိကေတာ့ ဒီရာသီမွ အသင္းနဲ႔ ပူးေပါင္းျဖစ္တဲ႔ နည္းျပသစ္မ်ိဳးမင္းထြန္းလက္ထက္မွာ ကစားပုံအရမ္းတုိးတတ္ေကာင္းမြန္လာခဲ႔ရၿပီး ဒီရာသီမွာ ဟံသာဝတီအသင္းကုိ ျမန္မာေနရွင္နယ္လိဂ္မွာ ရပ္တည္မႈေကာင္းတစ္ခုရေအာင္ လုပ္ေဆာင္ေပးဖြယ္ရွိေနပါတယ္။ ဟံသာဝတီအသင္းဟာ ေနရွင္နယ္လိဂ္မွာ လုံးဝကုိ ဗုိလ္စြဲထားျခင္းမရွိပဲ MFF Cup ရွံးထြက္ဖလားကုိသာ ၂၀၁၁ခုႏွစ္က ပုိင္ဆုိင္ခဲ႔တာျဖစ္ပါတယ္။