ဒီနှစ်ဘောလုံးရာသီအတွင်း သိသိသာသာကို တိုးတတ်ပြောင်းလဲလို့နေတဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲဲ့ ဟံသာဝတီယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ခြေစွမ်းကောင်းတွေကို မယိုင်လဲသွားအောင် ဆက်တိုက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အခုလည်း မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၇)အဖြစ် စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရမှာလည်း ပွဲပြီးခါနီးလောက်အထိ ဂိုးမရှိသရေ ကျနေရာကနေ မိနစ်၉၀မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးတစ်ဂိုးတည်းနဲ့ စစ်ကိုင်းကို အနိုင်ယူခဲ့ကာ အမှတ်ပေးဇယားမှာ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Myanmar National League Facebook

ဟံသာဝတီနဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့ပွဲစဉ်က တော်တော်လေးကို စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး ပွဲရဲ့အလှည့်အပြောင်းကတော့ မိနစ်၉၀အချိန်မှာမှ ဖြစ်ပေါ်ခဲ့ပါတယ်။ ပွဲကစားချိန် တော်တော်များများမှာ နစ်သင်းစလုံးရဲ့ အပြန်အလှန် တိုက်စစ်ဆင်မှုတွေကြောင့် ဂိုးဘားတန်းထိထွက်တာတွေ၊ တိုင်ထိထွက်ခဲ့တာတွေဖြစ်ပေါ်ခဲ့ပြီး ဒီအရာတွေကြောင့်ပဲ ပွဲက ပိုမိုရသမြောက်လာခဲဲ့ရပါတယ်။ ဟံသာဝတီအသင်းအတွက် ရာနှုန်းပြည့် နိုင်ပွဲဆက်စေမယ့် တစ်လုံးတည်းသော ဂိုးကို ပွဲချိန် မိနစ် ၉၀ မှ လူစားဝင် ကစားသမား အောင်မျိုးသူရက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Photo Credit : Myanmar National League Facebook

ဒီပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားရဲဲ့ ဒုတိယနေရာက ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ လက်ရှိချန်ပီယံ ရှမ်းအသင်းကို တစ်ဖက်ကို၁ဂိုးစီနဲ့ သရေသာကစားနိုင်ခဲ့တာကြောင့် ရာနှုန်းပြည့်နိုင်ပွဲဆက်နေတဲ့ ဟံသာဝတီနဲ့ ၄မှတ်ကွာဟသွားခဲ့တဲ့အပြင် ဧရာဝတီကလည်း အိမ်ကွင်းမှာ ဧရာဝတီနဲ့ ပွဲကျပ်ဆင်နွဲခဲ့ပြီး သရေသာ ကျခဲ့တာဖြစ်လို့ အဆင့်၃နေရာမှာ ဆက်လက်ရှိနေခဲ့ရပါတယ်။ ဒီအသင်း၃သင်းကတော့ ရပွဲကစားပြီးနောက်မှာ ရှုံးပွဲမရှိသေးတဲ့အသင်းတွေအဖြစ် ရပ်တည်နေနိုင်ပြီး ဇွဲကပင်ကလည်း ဒီရာသီရဲ့နိုင်ပွဲမရှိသေးတဲ့အသင်းအဖြစ် ဆက်လက်ရှိနေပါသေးတယ်။ နိုင်ပွဲပျောက်နေတဲ့ နောက်ထပ်တစ်သင်းဖြစ်တဲ့ ဆောက်သမ်းကတော့ ဒီတစ်ပတ်မှာ ချင်းအသင်းကို ၈ဂိုး၃ဂိုးနဲ့ကို အနိုင်ယူခဲဲ့ပြီး ဒီနိုင်ပွဲက သူတို့အသင်းသမိုင်းတလျှောက် ဂိုးအများသွင်းယူနိုင်တဲ့ပွဲလည်း ဖြစ်လာခဲ့ရပါတယ်။