ဘိုင်ယန်မြူးနစ် နည်းပြ ဟန်ဆစ် ဖလစ်ခ်ကတော့ တနင်္ဂနွေနေ့ညက ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့ပြီးနောက် ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေတဲ့ အချိန်မှာ အသင်းရဲ့ ကွင်းလယ်လူ အယ်လ်ကန်တာရာက အသင်းမှာ ဆက်နေမယ် ပြောခဲ့တယ်လို့ သတင်းစာ ရှင်းလင်းပွဲက သတင်းထောက်တွေကို စနောက်သွားခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ အယ်လ်ကန်တာရာအနေနဲ့ အသင်းနဲ့ စာချုပ် (၁) နှစ် ကျန်သေးလျက် ရှိပေမယ့် အသင်းပြောင်းသွားတော့မှာ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်ကြတဲ့ လီဗာပူးလ်အသင်း နဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Dailymail

ကွင်းလယ်လူ အယ်လ်ကန်တာရာဟာ တနင်္ဂနွေနေ့ညက ပီအက်စ်ဂျီအသင်းကို အသင်းဖော် ကိုးမန်ရဲ့ သွင်းဂိုး (၁) ဂိုးတည်းနဲ့ (၁-ဝ) ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဆုဖလားကို ရရှိသွားခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်က သူရဲ့ ဘိုင်နယ်အသင်းအတွက် နောက်ဆုံး ပွဲစဉ် ဖြစ်သွားနိုင်ချေ များပါတယ်။ ကွင်းလယ်လူ အယ်လ်ကန်တာရာ ဘိုင်ယန်မြူးနစ်အသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းနိုင်ချေ အများဆုံး ဖြစ်ပြီး အသင်းရဲ့ နည်းပြ ဖလစ်ခ်ကတော့ မနေ့ညက ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိသွားပြီးနောက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ အချိန်မှာ အယ်လ်ကန်တာရာက အသင်းမှာ ဆက်နေမယ်လို့ စနောက်ခဲ့ပါတယ်။

Photo Credit: Dailymail

နည်းပြ ဖလစ်ခ်ဟာ ကွင်းလယ်လူ အယ်လ်ကန်တာရာနဲ့ ပွေ့ဖက်ပြီးတော့ ကစားပြောကြတာက နှုတ်ဆက်မယ့် အကြောင်းလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို ဘိုင်ယန်အသင်းမှာသာ ဆက်နေမယ်လို့ ပြောခဲ့တာပါ” လို့ ပြန်ဖြေခဲ့ပြီး သတင်းထောက်တွေက လုံးဝကို အံ့အားသင့်သွားခဲ့ကြရပါတယ်။ နည်းပြ ဖလစ်ခ်ဟာ ပြန်ဖြေပြီး ခဏအကြာမှာ ရယ်လျက် “ခင်ဗျားတို့က ကျွန်တော့်ကို ရယ်စရာ မေးကြတာကိုး။ အဲဒီလို မပြောခဲ့ပါဘူး။ ကျွန်တော် သူ့ကို အခြား ကစားသမားတွေကို လိုက်ပြောသလိုမျိုး၊ ကျွန်တော်တို့နဲ့ အချိန်အတူ ကုန်ဆုံးခဲ့တာအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။ သူ ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာ သူရော ကျွန်တော်ရော မသိကြသေးပါဘူး”လို့ သတင်းထောက်တွေကို ထပ်လောင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။