ဘိုင်ယန်မြူးနစ် နည်းပြ ဟန်ဆစ်ဖလစ်ခ်ကတော့ အသင်းရဲ့ ကွင်းလယ်လူ အယ်ကန်တာရာကို ပေါင် (၂၅) သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ဂုဏ်ပြုသွားတာ ဖြစ်ပြီး အယ်လ်ကန်တာရာကို ခေါ်ယူနိုင်တာက အလွန် ကောင်းတဲ့ ကစားသမားကို ရရှိခြင်း ဖြစ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ အယ်လ်ကန်တာရာကို ယနေ့၊ ကြာသပတေးနေ့မှာ (၄) နှစ် စာချုပ် ချုပ်ဆိုဖို့ ပေါင် သန်း (၂၀)၊ အပိုကြေး ပေါင် (၅) သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ လီဗာပူးလ်အသင်းရဲ့ ဒုတိယမြောက် ခေါ်ယူမှုလည်း ဖြစ်သွားခဲ့ပါတယ်။

Photo Credit: Dailymail

ကွင်းလယ်လူ အယ်လ်ကန်တာရာဟာ လီဗာပူးလ်အသင်းနဲ့ ကာလရှည် (၄) နှစ်ကြာ စာချုပ်ကို ချုပ်ဆိုခဲ့ပြီ ဖြစ်တာကြောင့် လီဗာပူးလ်အသင်းမှာ ကျောနံပါတ် (၆) ကို ဝင်ဆင်သွားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ည ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ကွင်းလယ်လူ အယ်လ်ကန်တာရာကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပြီး ဘိုင်ယန် နည်းပြ ဖလက်ခ်က အယ်လ်ကန်တာရာကို ခေါ်ယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ဂုဏ်ပြုသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဘိုင်ယန်နည်းပြ ဟန်ဆစ်ဖလစ်ခ်က “သီယာဂိုက သာမန်ထက်ထူးကဲတဲ့ ကစားသမား ဖြစ်ပြီးတော့ ကျွန်တော့်တို့အတွက် အလွန်ကို အရေးကြီးနေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ နည်းပြအဖွဲ့ဝင်တွေကရော ကျွန်တော်ရော သူနဲ့ အလုပ်တွဲလုပ်ရတာကို ပျော်ရွှင်ကြပါတယ်။ ကျွန်တော်တို့ နှုတ်ဆက်စကား ပြောရတာကြောင့် အလွန် စိတ်ခံစားရပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်းကို ဂုဏ်ပြုပါတယ်။ ဘာလို့လဲဆိုရင် သူတို့က အလွန် ကောင်းတဲ့ ကစားသမား၊ အထူးသဖြင့် အလွန် ကောင်းတဲ့ သူကို ရရှိတာကြောင့်ပါပဲ။ သီယာဂိုက အသင်းကို ရွေးချယ်စရာ အများကြီး ပေးပြီး ခန့်မှန်းလို့ မရအောင် ပြုလုပ်နိုင်ပါတယ်။ သူက ပြဿနာတွေကို မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တယ်။ အခု ကျွန်တော်တို့ သိပ် ကောင်းတဲ့ ကစားသမား နောက်ယောက်ကို ဆုံးရှုံးခဲ့ရပါပြီ။ ကျွန်တော်တို့ အားကစားဒါရိုက်တာနဲ့ ဆွေးနွေးပြီး တစ်ခုခု ပြုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဆိုပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ပထမဆုံး ခေါ်ယူမှု အဖြစ် အိုလံပီကို့စ် ဘယ်နောက်ခံလူ ဆီမီကပ်စ်ကို ပေါင် (၁၁.၅) သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို ပေါင် သန်း (၂၀) နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။