MySport Myanmar

ဘော်ဒါကြီး ဘာပေနဲ့အတူ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ဟာခီမီ

ကီလီယန် အမ်ဘာပေရဲ့ အသင်းဖော်လည်းဖြစ် ညီအစ်ကိုတွေလိုမျိုး ဆက်ဆံရေးလည်းရှိတဲ့ ပီအက်စ်ဂျီ ညာနောက်ခံကစားသမား ဟာခီမီက ဘာပေနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ပြင်သစ် အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ဘာပေဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးချင်ပေမယ့် ဘာပေကတော့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ထားခဲ့ပါတယ်။

Photo Credit : Youtube

ရီးယဲလ်အသင်းက ဘာပေကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက အတော်လေး အလိုရှိခဲ့တာဖြစ်ပြီး အခုလည်း ဘာပေအတွက် လက်မှတ်ထိုးကြေး မြောက်များစွာအပြင် တစ်နှစ်လုပ်ခပေါင်းများစွာတို့နဲ့ အရ ခေါ်ယူသွားဖို့ အသေအချာ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

လက်ရှ်ိမှာလည်း ရီးယဲလ်အသင်းနဲ့ ဘာပေတို့ရဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ သေချာသလောက် ရှိနေရပြီး ပီအက်စ်ဂျီကလည်း ဘာပေနေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်း တိုက်စစ်ကစားသမားတွေကိုပါ ပစ်မှတ်ထားလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Football Espana

ဒီလို ဘာပေက ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့တော့မယ့်အချိန်မှာ တစ်ချိန်က ရီးယဲလ်ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဟာခီမီဟာလည်း သူရဲ့ အသင်းဖော် ဘာပေနဲ့အတူ ရီးယဲလ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့သွားချင်နေပါတယ်။

ရီးယဲလ်အသင်းကလည်း လက်ရှိ ညာခြမ်းခံစစ် နေရာမှာ ဗက်ဇ်ကေး နာချိုတို့သာ ရှိနေပြီး ညာနောက်ခံနေရာအတွက် ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး အလိုရှိနေတာကြောင့် ဘာပေကို ခေါ်ယူပြီးချိန် ဘာပေအသင်းဖော် ကစားသမာဟောင်း ဟာခီမီကို ထပ်မံ ပစ်မှတ်ထားလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version