MySport Myanmar

ချယ်လ်ဆီးမှာ အနာဂတ် မသေချာတော့တဲ့ ဇီယက်ရှ်ကို တန်ဟက်ဂ် အလိုရှိနေ

ဒီနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်ဘက် တောက်လျှောက် ပစ်မှတ်ထားလာခဲ့တဲ့ အိုင်းယတ်စ် တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့အတွက် အဆင်မပြေနိုင်ခဲ့ဘူးဆိုရင် အိုင်းယတ်စ် ကစားသမားဟောင်းလည်းဖြစ် လက်ရှိ ချယ်လ်ဆီးမှာပါ အနာဂတ် မသေမချာဖြစ်တဲ့ မော်ရိုကို တောင်ပံကစားသမား ဟာကင်ဇီယက်ရှ်ကိုသာ မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က အလိုရှိလာခဲ့ပါတယ်။

Photo Credit : TEAMtalk

မန်ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ နွေဈေးကွက်ထဲ ကစားသမားသစ် (၃)ဦးထိ ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်သိမ်းခင်မှာပဲ attacking option အတွက် ကစားသမားသစ် အနည်းဆုံး(၂)ဦးလောက်အထိကို ခေါ်ယူသွားဖို့ ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။ အဓိကတော့ မန်ယူနိုက်တက်ဟာ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို main target အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှုတွေလည်း ဆက်တိုက် ပြုလုပ်နေပေမယ့်လည်း အိုင်းယတ်စ်ဘက်က သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို လက်မလွတ်ချင်တဲ့အတွက် အန်တိုနီရဲ့ တန်ကြေးကို မြင့်တင်ထားတာဖြစ်လို့ အန်တိုနီထက် တန်ဟက်ဂ်ရဲ့ နောက်ထပ် တပည့်ဟောင်းဖြစ်သူ ဇီယက်ရှ်ကို ပြောင်းလဲ ပစ်မှတ်ထားလာဖို့ ရှိနေရပါတယ်။

Photo Credit : TEAMtalk

အသက်(၂၉)နှစ်အရွယ် တောင်ပံကစားသမား ဇီယက်ရှ်ဟာ ဒီဈေးကွက်ထဲမှာ စီးရီးအေရဲ့ လက်ရှိချန်ပီယံ အေစီမီလန်အသင်းဆီကို ရောက်ရှိတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့သလို သူရဲ့ ချယ်လ်ဆီး ကစားသမားဘဝ အနာဂတ်ဟာလည်း မရေရာမှုတွေနဲ့ ပြည့်နက်နေခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးဘက်ကနေ ဇီယက်ရှ်ကို ပြောင်းရွှေ့ကြေး ပေါင်(၈)သန်းခန့် ရောင်းချသွားဖို့တောင် ရှိနေတယ်လို့ သတင်းထွက်လာခဲ့သလို ဇီယက်ရှ်ရဲ့အေးဂျင့်ကပါ သူ့ကစားသမားကို ခေါ်ယူမလားလို့ မန်ယူနိုက်တက်ကို ဆက်သွယ် ကမ်းလှမ်းလာခဲ့တယ်လို့ပါ သတင်းထွက်ပေါ်နေခဲ့ပါတယ်။ ဇီယက်ရှ်သာ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့မယ်ဆိုရင် အသင်းရဲ့ ညာတောင်ပံနေရာမှာ ဂျေဒန်ဆန်ချိုနဲ့အပြိုင် နေရာလုရမယ့် အနေအထားမျိုး ဖြစ်လာနိုင်မှာမို့ ဒါက ကစားသမားနှစ်ယောက်လုံးအတွက် အကျိုးရှိစေနိုင်မှာ ဖြစ်သလို ကွင်းလယ်တိုက်စစ်နေရာမှာ central midfielder အဖြစ်ပါ ကစားတတ်သေးတဲ့ ဇီယက်ရှ်ကို ခေါ်ယူနိုင်မယ်ဆိုရင် မန်ယူနိုက်တက်အတွက်လည်း အတော်လေး အကျိုးရှိစေမယ့် ခေါ်ယူမှုမျိုး ဖြစ်လာပါလိမ့်မယ်။

Exit mobile version