မေန႔ညက က်င္းပသြားခဲ႔တဲ႔ ဂ်ာမန္ဘြန္ဒက္လီဂါပြဲစဥ္အတြင္း ေဒါ့မြန္အသင္းက ေအာ့ဘတ္စ္အသင္းကုိ အေဝးကြင္းမွာ ၃ဂုိး၅ဂုိးနဲ႔ ဒီအႏုိင္၃မွတ္ကုိ အဓိကရယူေပးႏုိင္ခဲ႔တာကေတာ့ မၾကာေသးခင္ကမွ ဆာလ္ဇ္ဘာ့ဂ္အသင္းကေန ေခၚယူထားခဲဲ႔တဲ႔ လူငယ္တုိက္စစ္မွဴးေလး ဟာ့တ္လန္းေၾကာင့္ပဲျဖစ္ပါတယ္။ ပြဲခ်ိန္၅၉မိနစ္ေရာက္မွ ဝင္ေရာက္ကစားခြင့္ရခဲ႔တဲ႔ ဟာ့တ္လန္းဟာ သူ႔အသင္းက ၃ဂုိး၁ဂုိးနဲ႔ အေရးနိမ့္ခ်ိန္မွာ ဝင္ေရာက္လာခဲ႔ၿပီး ဟက္ထရစ္သြင္းဂုိးအထိ ျပန္လည္သြင္းယူေပးရင္းနဲ႔ ေဒါ့မြန္အသင္းကုိ Come Back ႏုိင္ပြဲရေအာင္ အံ့မခန္းစြမ္းေဆာင္ႏုိင္ခဲ႔ပါတယ္။ ေဘာလုံးေလာကထဲမွာ ဟာ့တ္လန္းလုိ အသင္းနဲဲ႔ပြဲဦးထြက္မွာ ဟက္ထရစ္သြင္းယူၿပီး ေျခစြမ္းျပခဲ႔တဲ႔ ကစားသမားေတြလည္း ရွိလုိ႔ေနပါတယ္။ သူတုိ႔ေတြကေတာ့…

Photo Credit : Sport.net

ရူနီ

မန္ခ်က္စတာယူႏုိက္တက္ အဲဗာတန္အသင္းတုိ႔ရဲ႕ တုိက္စစ္ကစားသမားေဟာင္း ဝိန္းရူနီကေတာ့ အဲဗာတန္ကေန ယူႏုိက္တက္အသင္းဆီ ေျပာင္းေရႊ႕ၿပီးေနာက္ ဖီနာဘာခ်ီအသင္းနဲ႔ ယွဥ္ၿပိဳင္ခဲ႔ရတဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပြဲစဥ္မွာ ပြဲဦးထြက္ကစားရင္းနဲ႔ အသင္းအတြက္ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။ အဲ႔ဒီပြဲမွာ ရူနီက ဖရီးကစ္သြင္းဂုိးအပါအဝင္ ဟက္ထရစ္အထိ သြင္းယူႏုိင္ခဲ႔ကာ ယူႏုိက္တက္ကလည္း ၆ဂုိး၂ဂုိးနဲ႔႔ကုိ အျပတ္အသတ္အႏုိင္ရခဲဲ႔ပါတယ္။

Photo Credit : FC Barcelona Noticias

ရုိမာရီယုိ

ဘရာဇီးအသင္းရဲ႕ဂႏၱဝင္ကစားသမားေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တဲ႔ တုိက္စစ္မွဴးႀကီး ရုိမာရီယုိက ဘာစီလုိနာအသင္းနဲ႔ ပြဲဦးထြက္မွာပဲ သူရဲ႕ေျခစြမ္းေကာင္းေတြကုိ ျပသႏုိင္ခဲ႔တာျဖစ္ကာ အသင္းအတြက္ကုိလည္း ဟက္ထရစ္ရယူႏုိင္ခဲ႔ပါတယ္။ ရုိမာရီယုိကလည္း ရူနီလုိပဲ ပြဲဦးထြက္မွာ ပြဲထြက္ကစားသမားအျဖစ္ ကစားခြင့္ရခဲ့တာျဖစ္ၿပီး ဘာစီလုိနာအသင္းမွာလည္း သူရဲ႕ဟက္ထရစ္ဂုိးနဲဲ႔အတူ အလာဗက္စ္အသင္းကုိ ၃ဂုိး ဂုိးမရွိနဲ႔ အႏိုင္ရခဲဲ႔ပါတယ္။

Photo Credit : Bundesliga

အူဘာမီယန္း

ဟာ့တ္လန္းလုိပဲ ေဒါ့မြန္အသင္းနဲ႔ ပြဲဦးထြက္မွာ ဟက္ထရစ္သြင္းယူႏုိင္ခဲ႔တဲ့ ကစားသမားေတြထဲမွာ အူဘာမီယန္းလည္း ပါဝင္လုိ႔ေနၿပီး တုိက္တုိက္ဆုိင္ဆုိင္ သူရဲ႕ပြဲဦးထြက္မွာ ေအာ့ဘတ္စ္အသင္းနဲ႔ ကစားခဲဲ႔ရတာျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ ဂါဘြန္တုိက္စစ္မွဴး အူဘာမီယန္းဟာ အသင္းအတြက္ သြင္းဂုိး၃ဂုိးကုိ ဆက္တုိက္ရယူႏုိင္ခဲ႔တာျဖစ္ၿပီး ပထမပုိင္းတစ္ပုိင္းတည္းမွာ ဟက္ထရစ္ရယူႏုိင္ခဲ႔တာျဖစ္ကာ အသင္းအတြက္ ထူးထူးျခားျခား စြမ္းေဆာင္ရည္ကုိ ျပသႏုိင္ခဲ႔ပါတယ္။

(Unicode)

ဟာ့တ်လန်းလို အသင်းနဲ့ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြတဲ့ ဘောလုံးသမားများ

မနေ့ညက ကျင်းပသွားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်အတွင်း ဒေါ့မွန်အသင်းက အော့ဘတ်စ်အသင်းကို အဝေးကွင်းမှာ ၃ဂိုး၅ဂိုးနဲ့ ဒီအနိုင်၃မှတ်ကို အဓိကရယူပေးနိုင်ခဲ့တာကတော့ မကြာသေးခင်ကမှ ဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ခေါ်ယူထားခဲဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး ဟာ့တ်လန်းကြောင့်ပဲဖြစ်ပါတယ်။ ပွဲချိန်၅၉မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ ဟာ့တ်လန်းဟာ သူ့အသင်းက ၃ဂိုး၁ဂိုးနဲ့ အရေးနိမ့်ချိန်မှာ ဝင်ရောက်လာခဲ့ပြီး ဟက်ထရစ်သွင်းဂိုးအထိ ပြန်လည်သွင်းယူပေးရင်းနဲ့ ဒေါ့မွန်အသင်းကို Come Back နိုင်ပွဲရအောင် အံ့မခန်းစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးလောကထဲမှာ ဟာ့တ်လန်းလို အသင်းနဲဲ့ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေလည်း ရှိလို့နေပါတယ်။ သူတို့တွေကတော့…

Photo Credit : Sport.net

ရူနီ

မန်ချက်စတာယူနိုက်တက် အဲဗာတန်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဝိန်းရူနီကတော့ အဲဗာတန်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ပြီးနောက် ဖီနာဘာချီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ ပွဲဦးထွက်ကစားရင်းနဲ့ အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ရူနီက ဖရီးကစ်သွင်းဂိုးအပါအဝင် ဟက်ထရစ်အထိ သွင်းယူနိုင်ခဲ့ကာ ယူနိုက်တက်ကလည်း ၆ဂိုး၂ဂိုးနဲ့့ကို အပြတ်အသတ်အနိုင်ရခဲဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ရိုမာရီယို

ဘရာဇီးအသင်းရဲ့ဂန္တဝင်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ တိုက်စစ်မှူးကြီး ရိုမာရီယိုက ဘာစီလိုနာအသင်းနဲ့ ပွဲဦးထွက်မှာပဲ သူရဲ့ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာဖြစ်ကာ အသင်းအတွက်ကိုလည်း ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။ ရိုမာရီယိုကလည်း ရူနီလိုပဲ ပွဲဦးထွက်မှာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာလည်း သူရဲ့ဟက်ထရစ်ဂိုးနဲဲ့အတူ အလာဗက်စ်အသင်းကို ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲဲ့ပါတယ်။

Photo Credit : Bundesliga

အူဘာမီယန်း

ဟာ့တ်လန်းလိုပဲ ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အူဘာမီယန်းလည်း ပါဝင်လို့နေပြီး တိုက်တိုက်ဆိုင်ဆိုင် သူရဲ့ပွဲဦးထွက်မှာ အော့ဘတ်စ်အသင်းနဲ့ ကစားခဲဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းအတွက် သွင်းဂိုး၃ဂိုးကို ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းတစ်ပိုင်းတည်းမှာ ဟက်ထရစ်ရယူနိုင်ခဲ့တာဖြစ်ကာ အသင်းအတွက် ထူးထူးခြားခြား စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။