ဂျာမန် ဘွန်ဒက်လီဂါ ဘောလုံးပြိုင်ပွဲရဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဒေါ့မွန် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦးဖြစ်သူ အားလင်း ဟာလန်း က သူရင်‌ဆိုင်ခဲ့ရဖူးတဲ့ ခံစစ်ကစားသမားတွေထဲမှာ အကောင်းဆုံး ခံစစ် ကစားသမား သုံးဦးက ဘယ်သူတွေ ဖြစ်လဲဆိုတာကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဟာလန်း ဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်လောက်ကမှ ဥရောပ ဘောလုံးလောကမှာ နေ့ချင်းညချင်းဆိုသလို ‌ထွန်းတောက်လာတဲ့ လူငယ် ကစားသမား တစ်ဦးဖြစ်ပေမယ့် ဝါရင့် နာမည်ကြီး ကစားသမားတွေထက်တောင် ခြေစွမ်းပိုင်းက သာလွန်‌နေကြောင်း သက်သေပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဟာလန်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၃၂ ပွဲမှာ ၃၃ ဂိုးအထိ သွင်းယူထားပြီးတော့ ၂၀၂၀ ခုနှစ်ရဲ့ Golden Boy ဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail

ဟာလန်း အနေနဲ့ ပြိုင်ဘက် ခံစစ် ကစားသမားတွေကို ကျော်ဖြတ်ကာ အခုလို သွင်းဂိုးတွေ အများအပြား သွင်းယူထားနိုင်ပေမယ့်လည်း သူ့ကို ဒုက္ခပေးနိုင်တဲ့ ခံစစ် ကစားသမားတွေ ရှိကြောင်းနဲ့ အဆိုပါ ကစားသမားတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ ဟာလန်းက နော်ဝေး သတင်းစာဌာန ကို “ ကျွန်တော့်အထင်တော့ ကမ္ဘာ့ အကောင်းဆုံး ခံစစ် ကစားသမား သုံးဦးက ဆာဂျီယို ရာမို့စ်၊ ဗာဂျယ်ဗန်ဒိုက် နဲ့ ကာလီဒူး ကူလီဘာလီ တို့ သုံးဦးပါ။ သူတို့ သုံးဦးက ကြံ့ခိုင်မှုပိုင်း ဆိုင်ရာမှာ အတော်လေး ကောင်းမွန်ပြီးတော့ သူတို့ ကစားတဲ့ ပုံစံဟာလည်း အတော်လေး ဉာဏ်ကောင်းကြပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဟားလန်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲတုန်းက နာပိုလီ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတာ ဖြစ်ပြီးတော့ အဆိုပါအချိန် ကတည်းက ဆီနီဂေါ ခံစစ်ကစားသမားဖြစ်သူ ကူလီဘာလီ ကို အကောင်းဆုံး ခံစစ်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ကူလီဘာလီ ဟာ နာပိုလီ အသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ဗဟို ကစားသမား တစ်ဦးဖြစ်ပြီးတော့ လီဗာပူး၊ မန်ချက်စတာ စီးတီး၊ ပီအက်စ်ဂျီ နဲ့ မန်ချက်စတာ ယူနိုက်တက် အစရှိတဲ့ အသင်းတွေက ခေါ်ယူဖို့ အထူး စိတ်ဝင်စားခြင်း ခံနေရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဟားလန်း ဟာ လီဗာပူးအသင်းရဲ့အဓိက ခံစစ် ကစားသမား ဖြစ်သူ ဗာဂျယ် ဗန်ဒိုက် နဲ့ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲမှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ထိုအချိန်က ဟာလန်းဟာ ဆော့ဇ်ဘတ် အသင်းရဲ့ တိုက်စစ်ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဗဟို ခံစစ်ကစားသမား ဖြစ်သူ ဆာဂျီယို ရာမို့စ် ကတော့ ခံစစ်ကစားသမားတွေထဲမှာ အကောင်းဆုံး ခံစစ်ကစားသမား တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူ ဖြစ်ပြီး အသက် ၃၄ နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း အခုချိန်ထိ အသင်းမှာ သန်သန်မာမာနဲ့ အကောင်းဆုံး ကစားပေးနေသူ ဖြစ်ပါတယ်။