အချိန်တို အတွင်း ဒေါ့မွန် အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ယောက် ဖြစ်လာခဲ့တဲ့ အားလင်း ဟာလန်း က‌တော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတုန်းမှာ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တာကြောင့် ဒေါ့မွန် အသင်းရဲ့ ပွဲစဉ်တွေကို အနည်းဆုံး ၆ ပွဲအထိ လွဲချော်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဟာလန်း အနေနဲ့ ဇန်နဝါရီ လ အစပိုင်းလောက်အထိ အနားယူသွားရဖို့ ရှိနေပါတယ်။ အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ဟာလန်း ဒဏ်ရာ ရရှိသွားတာကြောင့် ဒေါ့မွန် နည်းပြ လူရှင်ဖက်ဘရာ အတွက် အနည်းငယ် အခက်ခဲနဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပြီးတော့ နောက်တစ်ခါဆိုရင် ဟာလန်း ကို အလွန်အကျွံ အသုံးမပြုသင့်ဘူးတာကို ရှောင်ရှားဖို့ သတိပေးလိုက်သလိုပါပဲ။

Photo Credit: Express

နော်ဝေးလက်ရွေးစင် ကစားသမား ဟာလန်း အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လာဇီယို အသင်း နဲ့ ၁ ဂိုး ၁ ဂိုး သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှး ပါဝင်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း ဟာဆိုရင် သူပါဝင် ကစားနိုင်တဲ့ ပွဲစဉ်တွေတိုင်းမှာ အင်တိုက်အားတိုက်နဲ့ ကစားတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီးတော့ လက်ရှိရာသီမှာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲကစားပေးထားပြီး‌တော့ ၁၇ ဂိုးအထိ သွင်းယူပေးနိုင်တဲ့ အထိ ခြေစွမ်းပိုင်းက လက်ဖျားခါလောက်စရာ အနေအထားမျိုးမှာ ရှိနေတဲ့ တိုက်စစ် ကစားသမားမျိုး ဖြစ်ပါတယ်။ ဒေါ့မွန် အနေနဲ့ ကတော့ သူတို့ အသင်း ရဲ့ အသက် ၂၀ အရွယ် အဓိက ကစားသမား ဟာလန်း မပါဝင်ပဲ ၂၀၂၀ လက်ကျန်ကာလ ကို ဖြတ်သန်း သွားရဖို့ ရှိနေပါတယ်။ နည်းပြ ဖက်ဘရာ ကတော့ ဟာလန်း ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပြသွားခဲ့ပါတယ်။

Photo Credit: Express

“ သူ ဇန်နဝါရီလ အစပိုင်းမတိုင်ခင်အထိ ကစားနိုင်အုန်းမှာ မဟုတ်ပါဘူး။ ဒါက သူ ပွဲတွေ အများကြီး ကစားခဲ့ရလို့ ဖြစ်ပါလိမ့်မယ်။ အစတုန်း ကတော့ ကျွန်တော်တို့ သူ့ဒဏ်ရာက အဲ့လောက် ပြင်းထန်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ သူ မကစားနိုင်တော့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။ ခန့်မှန်းချက်တွေ အရတော့ ဟာလန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှာ ကစားမယ့် လိုက်ပ်ဇစ်နဲ့ ပွဲစဉ်မှာမှ ပြန်မြင်တွေ့ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဟာလန်း ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်း အတွက် ၁၈ ပွဲသာကစားပေးနိုင်ခဲ့ပေမယ့် ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဟာလန်း ဒေါ့မွန် အသင်းကို ရောက်ရှိလာတဲ့ အချိန်ကစတင်ပြီးတော့ ဒေါ့မွန်အသင်း အနေနဲ့ ဟာလန်း မပါဝင်ပဲ ဘွန်ဒက်လီဂါ သုံးပွဲသာ ကစားထားဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီသုံးပွဲစလုံးကို ၉ ဂိုးအထိ သွင်းယူပြီး အနိုင်ရရှိထားပါတယ်။