ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန််အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန််းဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာတဲ့ အချိန်မှာ အခြားအသင်းတွေထက် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံသာ ပြောင်းရွှေ့ချင်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက်၂၀ အရွယ်သာ ရှိသေးတဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး လူငယ် တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းနဲ့ ဆဲလ်ဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးခဲ့ကာ ၄၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ဝကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် ဟာလန်းဟာ နို်င်ငံအသင်းဖြစ်တဲ့ နော်ဝေအသင်းအတွက် ပါဝင် ကစားပေးရာမှာလည်း ရပွဲ ကစားထားပြီး ၆ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားသူ ဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်နေတာကြောင့် အသင်းကြီး အများစုဟာ အဆိုပါ စာချုပ်ဖျက်သိမ်းကြေး စတင် အသက်ဝင်မယ့် ၂၀၂၂ခုနှစ်အထိ ဟာလန်းကို ခေါ်ယူဖို့ စောင့်ဆိုင်းဖွယ် ရှိပေမယ့် တချို့အသင်းတွေ ကတော့ ဟာလန်းကို ခေါ်ယူဖို့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ကြိုးစားကြဖွယ် ရှိပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အဆိုပါအသင်းတွေဟာ ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဥရောပ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ ABC News သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟာလန်းဟာ ဒေါ့မွန်အသင်းကနေ ထွက်ခွာချိန်မှာ အခြားအသင်းတွေထက် ရီးရဲလ်မက်ဒရစ် အသင်းထံသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရှိ ရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကလည်း ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ် အသင်းဟာ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဘန််ဇီမာရဲ့ နေရာအတွက် ရေရှည်အစားထိုးမှု အဖြစ် ဟာလန်းကို ခေါ်ယူချင်နေကြောင်း သိထားရတာကြောင့် ဟာလန်းတစ်ယောက် သူ့ရဲ့ စိတ်ကူးအတိုင်း ရီးရဲလ်မက်ဒရစ် အသင်းထံကို ပြောင်းရွှေ့ခွင့် ရသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။