တုိက္စစ္မွဴး ဟာလန္းက ေဒါ့မြန္အသင္းကုိ အျခားအသင္းေတြထက္ ေရြးခ်ယ္ခဲ့ရတာကေတာ့ ေဒါ့မြန္အသင္းရဲ႕ အေျပာအဆုိကုိ သေဘာက်တာေၾကာင့္ပါလုိ႔ အခုိင္္အမာ ေျပာသြားပါတယ္။ သူဟာ ေဒါ့မြန္အသင္းကို မေျပာင္းခင္ မန္ယူအသင္း နဲ႔ ဂ်ဳဗင္တပ္အသင္းတုိ႔ရဲ႕ ကမ္းလွမ္းမႈကုိ ရရွိခဲ့ေပမဲ့လည္း ပယ္ခ်ခဲ့ၿပီး ေဒါ့မြန္အသင္းကို အၿပီးသတ္ ေျပာင္းသြားခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Sportskeeda

တုိက္စစ္မွဴး ဟာလန္းဟာ ဆဲလ္ဘတ္အသင္းကေန ေဒါ့မြန္အသင္းကို ေျပာင္းသြားခဲ့တာ ျဖစ္ၿပီး လက္ရွိရာသီမွာ ဆဲလ္ဘတ္အသင္းအတြက္ ၿပိဳင္ပဲြစုံ ပဲြစဥ္ (၂၂) ပဲြမွာ (၂၈) ဂုိး သြင္းခဲ့ပါတယ္။ တုိက္စစ္မွဴး ဟာလန္းဟာ ဂ်ဳဗင္တပ္ ဒါမွမဟုတ္ မန္ယူကုိ ေျပာင္းမယ္လုိ႔ ထင္ခဲ့ၾကေပမဲ့လည္း ေဒါ့မြန္ကုိ ေျပာင္းသြားခဲ့ၿပီး ေဒါ့မြန္အသင္းကို ေရြးခ်ယ္ရတဲ့ အေၾကာင္းရင္းကုိ ေျပာခဲ့ပါတယ္။

Photo Credit: Sportskeeda

ဟာလန္းက “သူတုိ႔က တုိက္ရိုက္ပဲ လုပ္ခဲ့ပါတယ္။ သူတုိ႔က မင္းကုိ ေရွ႕တန္းမွာ လုိအပ္တယ္၊ မင္းရဲ႕ ကစားပုံကုိ သေဘာက်တယ္၊ မင္းကုိ ဒီအသင္းမွာ ကစားေစခ်င္တယ္လုိ႔ ေျပာခဲ့ပါတယ္။ ကြ်န္ေတာ္ သူတုိ႔ရဲ႕ အေျပာအဆုိကုိ ႀကိဳက္ခဲ့ၿပီး အဲဒါက ကြ်န္ေတာ့္ကုိ စာခ်ုပ္ခ်ဳပ္ေစခဲ့ပါတယ္။ ကြ်န္ေတာ္ နဲ႔ ေဒါ့မြန္အသင္းက လုိက္ဖက္တယ္လုိ႔ ကြ်န္ေတာ္ ခံစားခဲ့ရတယ္”လုိ႔ ေျပာပါတယ္။

{Unicode}

တိုက်စစ်မှူး ဟာလန်းက ဒေါ့မွန်အသင်းကို အခြားအသင်းတွေထက် ရွေးချယ်ခဲ့ရတာကတော့ ဒေါ့မွန်အသင်းရဲ့ အပြောအဆိုကို သဘောကျတာကြောင့်ပါလို့ အခိုင်အမာ ပြောသွားပါတယ်။ သူဟာ ဒေါ့မွန်အသင်းကို မပြောင်းခင် မန်ယူအသင်း နဲ့ ဂျုဗင်တပ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမဲ့လည်း ပယ်ချခဲ့ပြီး ဒေါ့မွန်အသင်းကို အပြီးသတ် ပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

တိုက်စစ်မှူး ဟာလန်းဟာ ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ဆဲလ်ဘတ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၂) ပွဲမှာ (၂၈) ဂိုး သွင်းခဲ့ပါတယ်။ တိုက်စစ်မှူး ဟာလန်းဟာ ဂျုဗင်တပ် ဒါမှမဟုတ် မန်ယူကို ပြောင်းမယ်လို့ ထင်ခဲ့ကြပေမဲ့လည်း ဒေါ့မွန်ကို ပြောင်းသွားခဲ့ပြီး ဒေါ့မွန်အသင်းကို ရွေးချယ်ရတဲ့ အကြောင်းရင်းကို ပြောခဲ့ပါတယ်။

Photo Credit: Sportskeeda

ဟာလန်းက “သူတို့က တိုက်ရိုက်ပဲ လုပ်ခဲ့ပါတယ်။ သူတို့က မင်းကို ရှေ့တန်းမှာ လိုအပ်တယ်၊ မင်းရဲ့ ကစားပုံကို သဘောကျတယ်၊ မင်းကို ဒီအသင်းမှာ ကစားစေချင်တယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် သူတို့ရဲ့ အပြောအဆိုကို ကြိုက်ခဲ့ပြီး အဲဒါက ကျွန်တော့်ကို စာချုပ်ချုပ်စေခဲ့ပါတယ်။ ကျွန်တော် နဲ့ ဒေါ့မွန်အသင်းက လိုက်ဖက်တယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်”လို့ ပြောပါတယ်။