ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကတော့ နေ့တိုင်း လေ့ကျင့်ရေး လုပ်နေရတာက အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာဖို့ ဖြစ်ပြီး ဘောလုံး ကစားသမားသာ မဖြစ်လာခဲ့ဘူး ဆိုရင် ရက်ပါအဆိုတော် ဒါမှမဟုတ် လယ်သမား တစ်ဦး ဖြစ်မယ်လို့ လူမှုကွန်ရက်မှာ ပြောသွားခဲ့ပါတယ်။ တိုက်စစ်မှူး ဟာလန်းဟာ ရက်ဘူးလ်အသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ရီးရဲလ်အသင်း၊ မန်ယူအသင်း နဲ့ ဂျုဗင်တပ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း သူကတော့ ဒေါ့မွန်အသင်းမှာ ကစားဖို့အတွက် ရွေးချယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဟာလန်းဟာ ရက်ဘူးလ်အသင်းကနေ ဒေါ့မွန်အသင်းကို ရောက်လာခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၁၃) ဂိုး သွင်းယူခဲ့ပြီး နယ်မြေသစ်မှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းကို လိဂ်ပြိုင်ပွဲမှာ အဆင့် (၂) နေရာ ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပြီး သူက ဘောလုံ ကစားသမား တစ်ဦး ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ လယ်သမား ဒါမှမဟုတ် ရက်ပါ အဆိုတော် တစ်ဦး ဖြစ်မယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းဟာ လူမှုကွန်ရက် တွစ်တာမှာ အမေးအဖြေ အစီအစဉ် ပြုလုပ်ခဲ့စဉ်က နေ့တိုင်း လေ့ကျင့်ခန်း ပြုလုပ်အောင် ဘာက တွန်းအားပေးသလဲလို့ အမေးခံရတဲ့ အခါမှာ သူက “တစ်ခုပဲ ရှိပါတယ်။ အကောင်းဆုံး ကစားသမား ဖြစ်ချင်တဲ့ ဆန္ဒပါ”လို့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟာလန်းဟာ ထပ်ပြီး ဘောလုံး ကစားသမား မဖြစ်လာခဲ့ဘူး ဆိုရင် ဘာအလုပ်ကို လုပ်နေမလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ရက်ပါအဆိုတော် ဒါမှမဟုတ် လယ်သမားပါ”လို့ ပြန်ပြီး ဖြေကြားသွားခဲ့ပါတယ်။ ဟာလန်းက “ကစားသမားတစ်ဦးအနေနဲ့ ဒေါ့မွန်အသင်းအတွက် ကစားရတာကို အံ့သြမိတယ်။ ကျွန်တော် ဒီအသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့တဲ့ ဖြစ်စဉ်ကို စကားလုံးနဲ့ ဖော်ပြလို့ မရပါဘူး”လို့ ပြောသွားခဲ့ပါတယ်။