ဇန်နဝါရီအပြောင်းအရွှေ့မှာ ဩစတီးယား ကလပ် ဆဲလ်ဘက်အသင်းကနေ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့ခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး ဟာလန်းကတော့ လက်ရှိမှာ သူ့ရဲ့ သူမတူတဲ့ ဂိုးသွင်းစွမ်းရည်တွေကို နယ်မြေသစ်မှာ ပြသနေပြီး စံချိန်ကောင်းတွေကို ဆက်တိုက်ဆိုသလို တင်နေပါတယ်။

Photo Credit: Standard.com

ယနေ့မနက်မှာ ကစားခဲ့တဲ့ ဝါဒါဘရီမင်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဟာလန်းပါဝင်တဲ့ ဒေါ့မွန်အသင်းဟာ အဝေးကွင်းမှာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဆိုပါပွဲမှာတော့ ဟာလန်းဟာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး အဆိုပါသွင်းဂိုးကြောင်​့ ဟာလန်းရဲ့ ဒေါ့မွန် အသင်းအတွက် သွင်းယူပေးခဲ့တဲ့ ဂိုးဟာ ရှစ်ဂိုး အထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပထမဦးဆုံး ကစားပေးတဲ့ပွဲစဉ်မှာကတည်းက ဟက်ထရစ် သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပွဲ ၊ တတိယပွဲတွေမှာလည်း သွင်းဂိုး နှစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့ကာ ဝါဒါဘရီမင်နဲ့ပွဲက ဟာလန်းရဲ့ ဒေါ့မွန်အသင်းအတွက် ကစားပေးတဲ့ စတုတ္ထမြောက် ပွဲစဉ်ပါပဲ။

Photo Credit: Standard.com

ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ လေးပွဲကစားပေးထားချိန်မှာ သွင်းဂိုး ရှစ်ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ ဘွန်ဒက်စ်လီဂါရဲ့ သမိုင်းမှာ အသင်းအတွက် ပထမဦးဆုံးလေးပွဲ ကစားပြီးထားချိန်မှာ သွင်းဂိုးရှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။