ဩစတီးယားကလပ် ဆဲလ်ဘက်အသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းခြေစွမ်းကောင်းကို ပြသနိုင်ခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါအသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရတဲ့ နော်ဝေတိုက်စစ်မှူးလေး ဟာလန်းဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တယ်လို့ တရားဝင် သတင်းတွေအရ သိရပါတယ်။

Photo Credit: Metro.com

အသက်၁၉နှစ်အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာမှ ဒေါ့မွန်ဆီ ပြောင်းရွှေ့ခဲ့သူတစ်ဦးဖြစ်သလို ဇန်နဝါရီလအတွင်းမှာ စုစုပေါင်း ပွဲချိန်၅၉မိနစ်သာ ပါဝင် ကစားခွင့်ရခဲ့သူပါ။ ဒါပေမယ့် အဆိုပါ ၅၉မိနစ် အတွင်းမှာပဲ ဟာလန်းက သူ့ရဲ့ ဂိုးသွင်းခြေစွမ်း ကို ပြသနိုင်ခဲ့တာကြောင့် အခုလို ဂုဏ်ယူစရာကောင်းတဲ့ ဆုကို ရခဲ့တာပါ။

Photo Credit: Metro.com

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် စတင် ပါဝင်ကစားခွင့်ရတဲ့ အော့စ်ဘက်အသင်းနဲ့ပွဲမှာပဲ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ပေမယ့် ဟက်ထရစ်သွင်းယူခဲ့ကာ သူ့ရဲ့ခြေစွမ်းကို ပြသသွားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဟာလန်းဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသသွားနိုင်ခဲ့ပြီး ဇန်နဝါရီလအတွင်းမှာ သုံးပွဲ ကစားခွင့်ရရှိခ​ဲ့တဲ့နေရာမှာ ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါရဲ့ ဇန်နဝါရီလ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။