နော်ဝေလူငယ်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကတော့ သူရဲ့ခြေစွမ်းကောင်းတွေကြောင့် ဥရောပထိပ်သီးအသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်ခဲ့ရပြီး မန်ချက်စတာယူနိုက်နဲ့ ဂျုဗင်တပ်စ်အသင်းတွေကို ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အခုတော့ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ပွဲကစားချိန် တစ်နာရီလောက်သာ ကစားထားခဲ့ရပေမယ့်လည်း သွင်းဂိုးကတော့ ၅ဂိုးတောင် ရယူထားခဲ့လို့ ဒေါ့မွန်အတွက် အကောင်းဆုံးသော ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Images

အသက်၁၉နှစ်သာရှိသေးတဲ့ ဟာလန်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ အရမ်းကို ခြေစွမ်းပြတွေ ပြသထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှာလည်း သွင်းဂိုး၈ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့ဒီရာသီအတွင်း သူရဲ့အသင်းဟောင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးတွေများစွာ ရယူထားနိုင်တာကြောင့် သူ့ကို ဥရောပထိပ်သီးအသင်းတွေကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တစ်ခုကို လုပ်ဆောင်သွားခဲ့တဲ့ ဟာလန်းကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းက ခေါ်ယူစဉ်အတွင်းမှာ စာချုပ်လျော်ကြေးကို ပေါင်၆၃သန်းအထိပါ သတ်မှတ်ထားခဲ့ပါတယ်။

Photo Credit : Getty Images

တကယ်တော့ ဟာလန်းကို ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီ ရောင်းချခဲ့ရာမှာ ကြားကအဓိကပါဝင်ခဲ့တဲ့ ဟာလန်းရဲ့အေးဂျင့် ရွိုင်အိုလာက ဟာလန်းရဲ့စာချုပ်လျော်ကြေးကို ပေါင်၄၂သန်းပဲထားရှိဖို့ တောင်းဆိုခဲ့ပေမယ့် ဒေါ့မွန်ဘက်ကနေ ဒီကမ်းလှမ်းချက်ကို လက်သင့်ခံခြင်းမရှိပဲ ပေါင်၆၃သန်းထိ တိုးမြှင့်ဖို့တောင်းဆိုခဲ့ရာမှာ အဆင်ပြေသွားခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်လျော်ကြေးဟာ လာမယ့်နွေရာသီမှာ သက်ရောက်ဦးမှာမဟုတ်ပေမမယ့်လည်း စာချုပ်လျော်ကြေး သတ်မှတ်တဲ့အချိန်ကို ရောက်ရှိလာမယ်ဆိုရင်တော့ ပေါင်၆၃သန်းဆိုတဲ့ပမာဏက ထိပ်သီးအသင်းကြီးတွေအတွက် သိပ်များလှတဲ့ပမာဏလို့တောင် မဆိုနိုင်ပါဘူး။ ဒီစာချုပ်လျော်ကြေးပမာဏကြောင့် ဟာလန်းကို မပိုင်ဆိုင်လိုက်ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းပင် ထပ်မံကမ်းလှမ်းလာဖွယ်ရှိပြီး ဟာလန်းရဲ့ဒေါ့မွန်ကစားသမားဘဝတောင် သိပ်ကြာရှည်ဖွယ်မရှိပဲ လာလီဂါ ဒါမှမဟုတ် ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုခုကို ရောက်ရှိသွားဖွယ်ရှိနေပါတယ်။

(Zawgyi)

ဥေရာပအသင္းႀကီးေတြကုိ စြဲေဆာင္ထားေသးႏုိင္တဲ႔ ဟာလန္းရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးပမာဏ

ေနာ္ေဝလူငယ္တုိက္စစ္ကစားသမားေလး အာလင္းဟာလန္းကေတာ့ သူရဲ႕ေျခစြမ္းေကာင္းေတြေၾကာင့္ ဥေရာပထိပ္သီးအသင္းေပါင္းမ်ားစြာရဲ႕ ပစ္မွတ္ျဖစ္ခဲ႔ရၿပီး မန္ခ်က္စတာယူႏုိက္နဲ႔ ဂ်ဳဗင္တပ္စ္အသင္းေတြကုိ ေျပာင္းေရႊ႕ျဖစ္လိမ့္မယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔ေပမယ့္လည္း တကယ္တမ္းမွာေတာ့ ဘယ္သူမွ မထင္မွတ္ထားတဲ႔ ေဒါ့မြန္အသင္းဆီကုိ ေျပာင္းေရႊ႕ျဖစ္ခဲ႔ပါတယ္။ အခုေတာ့ ဟာလန္းဟာ ေဒါ့မြန္အသင္းအတြက္ ပြဲကစားခ်ိန္ တစ္နာရီေလာက္သာ ကစားထားခဲ႔ရေပမယ့္လည္း သြင္းဂုိးကေတာ့ ၅ဂုိးေတာင္ ရယူထားခဲ႔လုိ႔ ေဒါ့မြန္အတြက္ အေကာင္းဆုံးေသာ ေခၚယူမႈတစ္ခုျဖစ္ခဲ႔ရပါတယ္။

Photo Credit : Getty Images

အသက္၁၉ႏွစ္သာရွိေသးတဲ႔ ဟာလန္းဟာ ရက္ဘူးဆာလ္ဇ္ဘာ့ဂ္အသင္းမွာ အရမ္းကုိ ေျခစြမ္းျပေတြ ျပသထားနုိင္ခဲ႔ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြမွာလည္း သြင္းဂုိး၈ဂုိးအထိ ရယူႏုိင္ခဲ့ပါတယ္။ ဒါ့အျပင္ သူရဲ႕ဒီရာသီအတြင္း သူရဲ႕အသင္းေဟာင္းအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုးေတြမ်ားစြာ ရယူထားႏုိင္တာေၾကာင့္ သူ႔ကုိ ဥေရာပထိပ္သီးအသင္းေတြကေန ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာခဲ႔ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္သူကမွ မထင္မွတ္ထားတဲ႔ အေျပာင္းအေရႊ႕တစ္ခုကုိ လုပ္ေဆာင္သြားခဲ႔တဲ႔ ဟာလန္းကုိ ပုိင္ဆုိင္ႏုိင္ခဲ႔တဲ႔ ေဒါ့မြန္အသင္းက ေခၚယူစဥ္အတြင္းမွာ စာခ်ဳပ္ေလ်ာ္ေၾကးကုိ ေပါင္၆၃သန္းအထိပါ သတ္မွတ္ထားခဲ႔ပါတယ္။

Photo Credit : Getty Images

တကယ္ေတာ့ ဟာလန္းကို ဆာလ္ဇ္ဘာ့ဂ္ကေန ေဒါ့မြန္အသင္းဆီ ေရာင္းခ်ခဲ႔ရာမွာ ၾကားကအဓိကပါဝင္ခဲ႔တဲ႔ ဟာလန္းရဲ႕ေအးဂ်င့္ ရြိဳင္အုိလာက ဟာလန္းရဲ႕စာခ်ဳပ္ေလ်ာ္ေၾကးကုိ ေပါင္၄၂သန္းပဲထားရွိဖုိ႔ ေတာင္းဆိုခဲ႔ေပမယ့္ ေဒါ့မြန္ဘက္ကေန ဒီကမ္းလွမ္းခ်က္ကုိ လက္သင့္ခံျခင္းမရွိပဲ ေပါင္၆၃သန္းထိ တုိးျမွင့္ဖုိ႔ေတာင္းဆုိခဲ႔ရာမွာ အဆင္ေျပသြားခဲ႔တာျဖစ္ပါတယ္။ ဒီစာခ်ဳပ္ေလ်ာ္ေၾကးဟာ လာမယ့္ေႏြရာသီမွာ သက္ေရာက္ဦးမွာမဟုတ္ေပမမယ့္လည္း စာခ်ဳပ္ေလ်ာ္ေၾကး သတ္မွတ္တဲ႔အခ်ိန္ကုိ ေရာက္ရွိလာမယ္ဆုိရင္ေတာ့ ေပါင္၆၃သန္းဆုိတဲ႔ပမာဏက ထိပ္သီးအသင္းႀကီးေတြအတြက္ သိပ္မ်ားလွတဲ႔ပမာဏလုိ႔ေတာင္ မဆုိႏုိင္ပါဘူး။ ဒီစာခ်ဳပ္ေလ်ာ္ေၾကးပမာဏေၾကာင့္ ဟာလန္းကုိ မပုိင္ဆုိင္လုိက္ရတဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းပင္ ထပ္မံကမ္းလွမ္းလာဖြယ္ရွိၿပီး ဟာလန္းရဲ႕ေဒါ့မြန္ကစားသမားဘဝေတာင္ သိပ္ၾကာရွည္ဖြယ္မရွိပဲ လာလီဂါ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ တစ္ခုခုကုိ ေရာက္ရွိသြားဖြယ္ရွိေနပါတယ္။