လက်ရှိအချိန်ထိ ဘောလုံးလောကအတွင်းမှာ အမေးအများဆုံးဖြစ်လို့နေသေးတဲ့ မေးခွန်းတစ်ခုကတော့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်က ဘယ်ကစားသမားအကောင်းဆုံးလဲဆိုတဲ့ မေးခွန်းပါ။ ဒါဟာ ဘောလုံးပရိသတ်တွေကြားမှာတင်မကပဲ ဘောလုံးသမားတွေရဲ့ကြား အခြားသော နယ်ပယ်က လူပုဂ္ဂိုလ်တွေကြားအထိပါ ရေပန်းစားလျက်ရှိနေတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ တချို့ကတော့ မက်ဆီကိုရွေးချယ်သလို တချို့ကလည်း ရော်နယ်ဒိုကိုရွေးချယ်ပါတယ်။ တချို့ကလည်း နှစ်ယောက်လုံးကို ရွေးချယ်သလို တချို့ကလည်း ဒီကစားသမားနှစ်ယောက်ထက် သူတို့အတွက် အကောင်းဆုံးလို့ထင်တဲ့ တခြားကစားသမားကိုသာ ရွေးချယ်ကြပါတယ်။

Photo Credit : GiveMeSports

အခုလည်း ဒီမေးခွန်းကို ဆယ်ကျော်သက်ဘောလုံးသမားလေး အာလင်းဟာလန်းကို မေးမြန်းလာခဲ့ရာ ဟာလန်းက “ခင်ဗျားကတော့ ကျွန်တော့်ကို ဖြေရခက်မယ့် မေးခွန်းတွေချည်းပဲ မေးနေတော့တာပဲ။ တစ်ယောက်တည်းကိုပဲ ရွေးပါဆိုရင်တော့ ပြောရခက်ပါတယ်။ မက်ဆီရော ရော်နယ်ဒိုရောကပါ တကယ့်ကို ဘောလုံးသမားကောင်းတွေလေ။ ကျွန်တော်ဆို လွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းက သူတို့ကစားပုံတွေကိုကြည့်ပြီး ကြီးပျင်းလာခဲ့ရတာ။ အဲ့ဒီအချိန်တွေအားလုံးက ကျွန်တော့်အတွက်တော့ တကယ့်ကို အ့ံမခန်းပါပဲ”

Photo Credit : GiveMeSports

“အခုချိန်မှာကတော့ မက်ဆီနဲ့ရော ရော်နယ်ဒိုနဲ့ပါ ပြိုင်ဘက်တွေအဖြစ် မဆုံရဖူးသေးပါဘူး။ အဲ့ဒီတော့ ဘယ်အချိန်မှာ ဆုံရမလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့်ရပါမယ် လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ အခုလို မက်ဆီနဲ့ ရော်နယ်ဒိုတို့ကြားမှာ ဘယ်သူအကောင်းဆုံးလဲဆိုတာကို မရွေးချယ်ပေးခဲ့ပေမယ့်လည်း သူလေးစားအားကျရဆုံး ကစားသမားကတော့ ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီး ရော်နယ်ဒိုဖြစ်မှာ သေချာပါတယ်။ ဟာလန်းဟာ ရော်နယ်ဒိုကို သူရဲ့Idol တစ်ယောက်လို သတ်မှတ်ထားတာဖြစ်ပြီး ရော်နယ်ဒိုကို အရမ်းရူးသွပ်ခဲ့တာကြောင့် ဘောလုံးကစားသမားဘဝကို ဝင်ရောက်ခဲ့တာဖြစ်ကြောင်းလည်း ပြောဆိုထားခဲ့ဖူးပါတယ်။ ဒီတစ်ပတ်မှာတော့ ဟာလန်းဟာ သူရဲ့ဒေါ့မွန်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဒုတိယအကျော့အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်မြေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပထမအကျော့တုန်းကတော့ သူရဲ့သွင်းဂိုးတွေနဲ့ အနိုင်ထားခဲ့ပါတယ်။