သြစတြီးယားကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ခြေစွမ်းအထူးပြသနိုင်ခဲ့လို့ ဒေါ့မွန်အသင်းဆီကို ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကတော့ ဘွန်ဒက်လီဂါမှာ ခြေစွာလျက်ရှိနေတဲ့အပြင် ပီအက်စ်ဂျီအသင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်မှာလည်း ဒေါ့မွန်အတွက် သွင်းဂိုး၂ဂိုးလုံးကို ရယူပေးခဲ့ပြီး အသင်းရဲ့နိုင်ပွဲမှာ အဓိကကျတဲ့ အခန်းကဏ္ဍာကနေ ပါဝင်လာခဲဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ဟာလန်းဟာ ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုးက ၁၀ဂိုးအထိကို ရှိလာခဲ့ရပြီဖြစ်ပါတယ်။

Photo Credit : Getty Images

အသက်၁၉နှစ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်ကစားသမားလေး ဟာလန်းဟာ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ပွဲပြီးအင်တာဗျူးမှာ သူအရမ်းလေးစားအားကျရတဲ့ အိုင်ဒေါဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အကြောင်းတွေကို ထုတ်ဖော်ပြောဆိုလာခဲဲ့ပါတယ်။ ဟာလန်းက “တစ်နေ့ကျရင် ကျွန်တော် ရော်နယ်ဒိုနဲ့ဆုံတွေ့ပြီး စကားတွေ ပြောဆိုဆွေးနွေးချင်မိပါတယ်။ နောက်ပြီး ကျွန်တော်ဘောလုံးသမားတစ်ယောက်ဖြစ်လာရတာ ခင်ဗျားရဲဲ့ကျေးဇူးတွေကြောင့် ခင်ဗျားကို လေးစားအားကျမိတာကြောင့်ဆိုတာကို ပြောပြချင်ပါတယ်”

Photo Credit : Sky Sports

“ကျွန်တော့်အတွက်တော့ သူက အမြဲတမ်း စံပြပုဂ္ဂိုလ်တစ်ဦးပါ” လို့ ထုတ်ပြန်ပြောဆိုလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက ရော်နယ်ဒိုနဲ့ တစ်သင်းတည်းမှာ အတူတွဲဖက်ကစားလိုတယ်လို့ပါ ပြောဆိုခဲဲ့ပါသေးတယ်။ ဟာလန်းဟာ သူပြောဆိုခဲ့သလို သူရဲ့အိုင်ဒေါကြီး ရော်နယ်ဒို ပါဝင်ကစားနေတဲ့ ဂျုဗင်တပ်စ်အသင်းကို ရောက်ရှိဖို့အတွက် နီးစပ်ခဲ့သေးပေမယ့်လည်း အဲ့ဒီတုန်းကတော့ သူ့အတွက် အခွင့်အရေးကောင်းတွေ ပိုရနိုင်မယ့် ဆာလ်ဇ်ဘာ့ဂ်ကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာကြောင့် မဆုံဖြစ်ရတော့တာဖြစ်သလို ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို မပြောင်းခင်ကလည်း ဂျုဗင်တပ်စ်က သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါသေးတယ်။ ဒီတစ်ပတ်မှာတော့ ဟာလန်းရဲ့ဒေါ့မွန်အသင်းကပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆင်နွဲခဲ့ရသလို ရော်နယ်ဒိုရဲ့ ဂျုဗင်တပ်စ်အသင်းကတော့ လာမယ့်တစ်ပတ်ကျမှ လိုင်ယွန်အသင်းနဲ့အတူ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်ကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့်အဆင့်တွေမှာ သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။