ဆဲလ်ဘက်အသင်း ၊ ဒေါ့မွန်အသင်းတို့နဲ့အတူ ဂိုးသွင်းခြေစွမ်းကောင်းတွေကို သက်သေပြထားတဲ့ အသက်၁၉နှစ်အရွယ် နော်ဝေကစားသမားလေး ဟာလန်းကတော့ ဒေါ့မွန်အသင်းက လီဗာကူဆင်အသင်းကို လေးဂိုး သုံးဂိုးဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ စံချိန်ဆိုးတစ်ခု ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo Credit: Standard.com
လီဗာကူဆင်အသင်းနဲ့ပွဲစဉ်ဟာ ဟာလန်း အတွက် ဒေါ့မွန်အသင်းရဲ့ ကစားသမားဘဝမှာ ပထမဦးဆုံးအကြိမ် မိနစ်၉၀အပြည့် ကစားခဲ့ရတဲ့ ပွဲစဉ်ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ဒီပွဲမှာ ဟာလန်းဟာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ ဟာလန်းရဲ့ စီနီယာကစားသမား ဘဝမှာ ပထမဦးဆုံးအကြိမ် မိနစ်၉၀ပြည့် ကစားပြီး ဂိုးပေါက်ပျောက်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Photo Credit: Standard.com
ဟာလန်းဟာ ဆဲလ်ဘက်အသင်းနဲ့ ပထမ ရာသီဝက် ကစားခဲ့စဉ်မှာ ပွဲစဉ် ၇ပွဲကို မိနစ် ၉၀အပြည့် ဝင်ရောက်ကစားခွင့် ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်၇ပွဲလုံးမှာ သွင်းဂိုးတေွ သွင်းယူနိုင်ခဲ့သလို စုစုပေါင်း ဟက်ထရစ်လေးကြိမ် သွင်းယူခဲ့ကာ သွင်းဂိုး ၁၆ဂိုးအထိ ရရှိခဲ့ပါတယ်။ လီဗာကူဆင်အသင်းနဲ့ ပွဲမှာတော့ ဟာလန်းဟာ အသင်းအတွက် ဂိုးမသွင်းပေးနိုင်ခဲ့သလို ဒေါ့မွန်အသင်းဟာလည်း နိုင်ပွဲပျောက်ခဲ့ရပါတယ်။
Photo Credit: Standard.com
ယခုတစ်ပတ်မှာ ဂိုးပေါက်ပျောက်ခဲ့မှုအတွက် နောက်တစ်ပတ်မှာ ဟာလန်းတစ်ယောက် ဘယ်လို ပေါက်ကွဲပြမလဲဆိုတာကို စောင့်ကြည့် သွားရမှာပါ….။