ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်က ဒေါ့မွန်အသင်းဆီကို အ့ံအားသင့်စဖွယ် ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းက လက်ရှိမှာ ရီးရဲလ်မက်ဒရစ် လီဗာပူးလ်တို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေရပေမယ့်လည်း သူအနေနဲ့ကတော့ ဒေါ့မွန်အသင်းကနေ ထွက်ခွာသွားဖို့ လုံးဝကို အစီအစဉ်မရှိသေးကြောင်း ဒီအသင်းမှာ နောက်ထပ်ကာလရှည်တစ်ခုထိ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

အသက်(၁၉)နှစ်သာရှိသေးတဲ့ နော်ဝေတိုက်စစ်မှူးလေးဟာလန်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ အထူးခြေစွမ်းပြခဲ့လို့ သူ့ကို ကလပ်အသင်းပေါင်းများစွာက စိတ်ဝင်စားခဲ့ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဟာလန်းက ဒီအသင်းတွေများထဲကမှ ဒေါ့မွန်အသင်းကို အံ့အားသင့်ဖွယ် ရွေးချယ်ခဲ့ကာ ဒေါ့မွန်မှာလည်း သူရဲ့ဂိုးသွင်းစွမ်းရည်တွေကို ဆက်လက်ပြသထားနိုင်ခဲ့လို့ အသင်းကြီးတွေက ထပ်မံစိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဟာလန်းဟာ ရီးရဲလ် လီဗာပူးလ်အသင်းတွေနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဟာလန်းကတော့ ဒေါ့မွန်မှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

Photo Credit : Goal

ဟာလန်းက “ကျွန်တော်ကတော့ ကျွန်တော်အနာဂတ်နဲ့ပတ်သက်ပြီး သိပ်များများစားစား မတွေးထားပါဘူး။ အခု ကျွန်တော်တို့က ပစ္စုပ္ပန်မှာ နေထိုင်နေရတာလေ။ ဆိုတော့ ကျွန်တော်ရဲ့လက်ရှိ ကစားသမားဘဝ အချိန်အခါမှာ အကောင်းဆုံးဖြစ်အောင်ပဲ ဆုံးဖြတ်ထားပါတယ်။ ဒါတွေကြောင့်လည်း ဆောင်းရာသီစျေးကွက်မှာ ကျွန်တော်ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ရတာပါ။ ဒေါ့မွန်ဆိုတာကလည်း ကမ္ဘာ့ပေါ်က အကောင်းဆုံးအသင်းတစ်သင်းပဲလေ။ ကျွန်တော်ကလည်း ဒီအသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုထားသလို အသင်းကို ရောက်ရှိတာကလည်း မကြာသေးပါဘူး။ ဒါကြောင့် ဒီိကနေ ထွက်ခွာဖို့ဆိုတာတော့ အခုအချိန်မှာ လုံးဝကို မတွေးတောထားပါဘူး” လို့ Funke Media Group နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက ဒေါ့မွန်အသင်းရဲ့နည်းပြဖြစ်သူက သူရဲ့အရည်အချင်းတွေကို တိုးတတ်လာအောင် အဓိက ကူညီပေးခဲ့သူဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို ဘိုင်ယန်အသင်းရဲ့ လွှမ်းမိုးမှုအောက်ကနေ အမြဲတမ်းဒုတိယအသင်းအနေနဲ့တော့ ရှိမသွားချင်ပဲ လာမယ့်နှစ်မှာ ဘိုင်ယန်ကို ကျော်လွန်ပြီး ဘွန်ဒစ်လီဂါချန်ပီယံဆုကို အရယူသွားမယ်လို့လည်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။