ယမန်နေ့ကမှ ၂၀၁၉- ၂၀၂၀ ဘောလုံးရာသီရဲ့ Golden Boy Awardကို ရရှိခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ဟာသာဘာလင် အသင်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ပွဲစဉ်မှာ သူဟာ Golden Boy Awardနဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်ကြောင်း သက်သေ ပြသွားခဲ့ပါတယ်။ ဟာသာဘာလင် အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့် နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ၁၅မိနစ် အတွင်း သွင်းယူခဲ့တဲ့ ဟက်ထရစ် အပါအဝင် ဘယ်နောက်ခံလူ ဂွာရဲရိုးရဲ့ သွင်းဂိုးတွေကြောင့် ဟာသာဘာလင် အသင်းဘက်ကို ၅ဂိုးအထိ ပြန်သွင်းနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။

Photo Credit: Sport Bible

အဆိုပါပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမား နှစ်ဦးကတော့ ဟာသာဘာလင် အသင်းရဲ့ ညာတောင်ပံ ကစားသမား ကွန်ဟာနဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းတို့ ဖြစ်ကြပြီး ကွန်ဟာက ဟာသာဘာလင် အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၃မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ကွန်ဟာရဲ့ သွင်းဂိုးကြောင့် ပထမပိုင်း ပွဲကစားချိန် ပြီးဆုံးချိန်မှာ ဟာသာဘာလင် အသင်းက ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အရောက်မှာတော့ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟာလန်းဟာ တစ်ဦးထဲ ၄ဂိုး သွင်းယူ ပေးကာ သူ့ရဲ့ အသင်းကို အနိုင်ရလဒ် ရရှိအောင် ကြိုးစား ပေးခဲ့တာကြောင့် ဟာသာဘာလင် အသင်းဟာ အိမ်ကွင်းမှာ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ ရပါတယ်။ ဟာသာဘာလင် အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၃၃မိနစ်နဲ့ ၇၉မိနစ်မှာ ကွန်ဟာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဒေါ့မွန်အသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၄၇မိနစ် ၊ ၄၉မိနစ် ၊ ၆၇မိနစ်နဲ့ ၇၉မိနစ်တွေမှာ ဟာလန်းနဲ့ ပွဲကစားချိန် ၇၀မိနစ်မှာ ဂွာရဲရိုးတို့က သွင်းဂိုးတွေ အသီးသီး သွင်းယူ ပေးခဲ့ကြတာပါ။

Photo Credit: Sport Bible

ဟာသာဘာလင် အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟာလန်းဟာ ပွဲကစားချိန် ၄၇မိနစ်နဲ့ ၆၂မိနစ် ကြားထဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး တွက်ချက် ကြည့်မယ် ဆိုရင်တော့ သူဟာ ၁၅မိနစ် အတိုင်းအတာ အတွင်းမှာ ဟက်ထရစ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဟာလန်းဟာ လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး နံပါတ်၉ လူငယ် တိုက်စစ်မှူး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ယခုလို ၁၅မိနစ် အတွင်း ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာဟာ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို မီးမောင်း ထိုးပြခဲ့သလိုပါပဲ။ အသက် ၂၀အရွယ် သာ ရှိသေးတဲ့ ဟာလန်းဟာ လက်ရှိ ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲသာ ပါဝင် ကစားပေး ရသေးပေမယ့် သွင်းဂိုး ၁၅ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ကြိမ် အထိ ရယူ ထားနိုင်သူလည်း ဖြစ်ပါတယ်။