ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဟာလန်းက ဒေါ့မွန်အသင်းနဲ့ ဘွန်ဒက်စ်လီဂါ ဖလား ရရှိချင်တယ် ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ခြေစွမ်းတည်ငြိမ်မှုကို မှီဖို့ လိုအပ်နေကြောင်း နဲ့ သူ့ရဲ့ ပန်တိုင်းက ဘွန်ဒက်စ်လီဂါ ဆုဖလား ရရှိဖို့ ဖြစ်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နော်ဝေး လက်ရွေးစင် ကစားသမား ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့တုန်းက ရက်ဘူးလ် ဆာလ်ဘတ့်ချ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဂျာမနီအသင်းကြီး ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၁၅) ပွဲ ကစားထားရာမှာ (၁၃) ဂိုး သွင်းခဲ့ပါတယ်။

Photo Credit: Goal

ဒေါ့မွန်အသင်းဟာ လက်ရှိရာသီမှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၃၄) ပွဲ ကစားခဲ့ပြီး နောက်ဆုံး ပွဲစဉ် (၁၇) ပွဲမှာ (၄) ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၁) နေရာက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရမှတ် (၁၃) မှတ်အကွာ အဆင့် (၂) နေရာကနေ လက်ရှိရာသီကို ကုန်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်သွားခဲ့ရပြီ ဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမား ဟာလန်းကတော့ နောက်နှစ် ဆုဖလား ရရှိချင်တယ် ဆိုရင် ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်တယ်လို့ သတိပေး ပြောသွားပါတယ်။

Photo Credit: Goal

Sport Bild သတင်းမှာ ဟာလန်းက “ကျွန်တော်တို့က ချန်ပီယံအသင်း ဖြစ်နိုင်တဲ့ အရည်အချင်း ရှိကြပါတယ်။ ဒါပေမယ့် အပြော တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဘိုင်ယန်အသင်းဟာ မယုံနိုင်စရာ ခြေစွမ်းတည်ငြိမ်မှုကို ရရှိထားတာကြောင့်မို့လို့ ခြာနားတဲ့ အသင်း ဖြစ်နေရတာပါပဲ။ ကျွန်တော်တို့ လက်ရှိရာသီမှာ တိုးတတ်ဖို့ လိုအပ်ခဲ့ပါတယ်။ နောက်ပြီး နောက်နှစ်ကျရင်တော့ ပိုပြီး အောင်မြင်ချင်မိပါတယ်။ ကျွန်တော် ဒီအသင်းနဲ့ စာချုပ် (၂၀၂၄) ခုနှစ်အထိ ကာလရှည် စာချုပ် ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ ပန်းတိုင်ကတော့ ဒေါ့မွန်အသင်းနဲ့ ဖလား ရရှိချင်ပြီး အသင်းရဲ့ အောင်မြင်မှုကို ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံဖို့ ဖြစ်ပါတယ်။ နည်းပြ နဲ့ ကျွန်တော်က တည်ငြိမ်တဲ့ သူတွေ ဖြစ်ပြီး အနည်းငယ် တူပါတယ်”လို့ ပြောသွားခဲ့ပါတယ်။