ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် မန်ချက်စတာ စီးတီးက ဧည့်သည် ခရစ္စတယ် ပဲလေ့စ်ရဲ့ ၂ဂိုးပြတ် ဦးဆောင်မှုကို ခံခဲ့ရပေမယ့် အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ဟက်ထရစ်နဲ့အတူ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ ပြန်လည် သွင်းယူနိုင်ခဲ့ပြီး ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲရဲ့ အနိုင် ၃မှတ်ကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်က ပထမပိုင်း ပြီးဆုံးချိန်မှာ ထောင့်ကန်ဘောတွေ ကနေ ရလာတဲ့ သွင်းဂိုးတွေနဲ့အတူ မန်ချက်စတာ စီးတီးကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အသာစီး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ဒုတိယပိုင်းကို ရောက်ရှိချိန်မှာတော့ မန်ချက်စတာ စီးတီးက သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ရရှိခဲ့ပြီး ဘာနာဒို ဆေးလ်ဗားရဲ့ ပထမ ချေပဂိုးနဲ့ ဟာလန်းရဲ့ ဟက်ထရစ်ကြောင့် ပွဲပြီးဆုံးချိန်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးအတွက် သူရဲကောင်း ဖြစ်ခဲ့တဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကလည်း ပရီးမီးယားလိဂ် ပွဲစဉ်(၄) အပြီးမှာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ပြုလုပ်နိုင်ခဲ့တာကြောင့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

အာလင်း ဟာလန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ပွဲ ကစားထားရာ သွင်းဂိုး ၆ဂိုး ၊ ဂိုးဖန်တီးမှု ၁ကြိမ် ရထားတာကြောင့် သူ့ရဲ့ ဂိုးပါဝင်ပတ်သတ်မှုဟာ ၇ဂိုး အထိ ရှိနေပြီး အဆိုပါ စွမ်းဆောင်ရည်က လက်ရှိ ပရီးမီးယားလိဂ် ကစားသမားတွေ အနက် အမြင့်မားဆုံး ဖြစ်နေသလို ဟာလန်းဟာ မိနစ် ၉၀ ကစားပြီးတိုင်း သွင်းဂိုး ၁.၆၆ဂိုးနှုန်း သွင်းယူထားနိုင်ကာ ပျမ်းမျှ စွမ်းဆောင်ရည်ပိုင်းကလည်း ၈.၄၇ အထိ ရှိနေခဲ့တာကြောင့် အကောင်းဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေခဲ့တာပါ။