ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဆဲလ္ဘက္အသင္းကေန ဘြန္ဒက္စ္လီဂါ အင္အားႀကီးအသင္းျဖစ္တဲ့ ေဒါ့မြန္အသင္းထံကို ေျပာင္းေရႊ႕ခဲ့တဲ့ ေနာ္ေဝသားေလး ဟာလန္း ဟာ ေဒါ့မြန္အသင္းအတြက္ ပထမဦးဆုံး လူစားဝင္ကစားေပးတဲ့ ပြဲစဥ္မွာ ဟက္ထရစ္ သြင္းယူေပးနိုင္ခဲ့သလို ဒုတိယေျမာက္ ပြဲစဥ္မွာလည္း ႏွစ္ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ပါတယ္။

Photo Credit: Standard.com

ယေန႔မနက္မွာ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ ေဒါ့မြန္အသင္းနဲ႔ ကိုလုံးအသင္းတို႔ရဲ့ ဘြန္ဒက္စ္လီဂါပြဲစဥ္မွာ ေဒါ့မြန္အသင္းဟာ တိုက္စစ္အစြမ္း ျပခဲ့ကာ ငါးဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ ကိုလုံး ကို အနိုင္ရရွိခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ ေဒါ့မြန္ အတြက္ သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကသူေတြကေတာ့ ဂြာရဲရိုး ၊ မာကို႐ူးစ္ ၊ ဆန္ခ်ိဳ ၊ ဟာလန္း တို႔ပဲ ျဖစ္ၾကပါတယ္။

Photo Credit: Standard.com

ဟာလန္းဟာ ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂါပြဲစဥ္ ျဖစ္တဲ့ ေအာ့စ္ဘက္အသင္းနဲ႔ပြဲစဥ္မွာ လူစားဝင္ ကစားရင္းကေန အသင္းအတြက္ ဟက္ထရစ္ သြင္းယူေပးနိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲစဥ္မွာေတာ့ အရန္ခုံမွာသာ ရွိေနခဲ့ၿပီး ပြဲကစားခ်ိန္ ၆၅မိနစ္မွ လူစားဝင္ ကစားခြင့္ရရွိခဲ့တာပါ။ ဒါေပမယ့္ ဟာလန္းဟာ ေဒါ့မြန္အသင္းရဲ့ စတုတၳေျမာက္ ဦးေဆာင္ဂိုးနဲ႔ ပြဲသိမ္းဂိုးတို႔ကို ပြဲကစားခ်ိန္ ၇၇ မိနစ္နဲ႔ ၈၇မိနစ္တို႔မွာ သြင္းယူေပးခဲ့ၿပီး သူ႔ရဲ့ ဂိုးသြင္းေျခစြမ္းကို ျပသခဲ့ပါတယ္။

Photo Credit: Standard.com

ဟာလန္းဟာ လက္ရွိမွာ ေဒါ့မြန္အသင္း အတြက္ ႏွစ္ပြဲကစားေပးထားရာမွာ ငါးဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့ၿပီး ေဒါ့မြန္ပရိသတ္ေတြကေတာ့ သူတို႔ဟာ ဒုတိယေျမာက္ လီဝမ္ေဒါစကီးကို ရရွိၾကၿပီလို႔ ေႂကြးေၾကာ္ေနပါတယ္​။ ကဲ ပရိသတ္ႀကီးကေရာ ဟာလန္းရဲ့ ေျခစြမ္း အေပၚ အားရေက်နပ္မွုရွိရဲ့လားဗ်…။

ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆဲလ်ဘက်အသင်းကနေ ဘွန်ဒက်စ်လီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းထံကို ပြောင်းရွှေ့ခဲ့တဲ့ နော်ဝေသားလေး ဟာလန်း ဟာ ဒေါ့မွန်အသင်းအတွက် ပထမဦးဆုံး လူစားဝင်ကစားပေးတဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့သလို ဒုတိယမြောက် ပွဲစဉ်မှာလည်း နှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard.com

ယနေ့မနက်မှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ကိုလုံးအသင်းတို့ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းဟာ တိုက်စစ်အစွမ်း ပြခဲ့ကာ ငါးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ကိုလုံး ကို အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဒေါ့မွန် အတွက် သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြသူတွေကတော့ ဂွာရဲရိုး ၊ မာကိုရူးစ် ၊ ဆန်ချို ၊ ဟာလန်း တို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: Standard.com

ဟာလန်းဟာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ဖြစ်တဲ့ အော့စ်ဘက်အသင်းနဲ့ပွဲစဉ်မှာ လူစားဝင် ကစားရင်းကနေ အသင်းအတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ အရန်ခုံမှာသာ ရှိနေခဲ့ပြီး ပွဲကစားချိန် ၆၅မိနစ်မှ လူစားဝင် ကစားခွင့်ရရှိခဲ့တာပါ။ ဒါပေမယ့် ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ စတုတ္ထမြောက် ဦးဆောင်ဂိုးနဲ့ ပွဲသိမ်းဂိုးတို့ကို ပွဲကစားချိန် ၇၇ မိနစ်နဲ့ ၈၇မိနစ်တို့မှာ သွင်းယူပေးခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းခြေစွမ်းကို ပြသခဲ့ပါတယ်။

Photo Credit: Standard.com

ဟာလန်းဟာ လက်ရှိမှာ ဒေါ့မွန်အသင်း အတွက် နှစ်ပွဲကစားပေးထားရာမှာ ငါးဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဒေါ့မွန်ပရိသတ်တွေကတော့ သူတို့ဟာ ဒုတိယမြောက် လီဝမ်ဒေါစကီးကို ရရှိကြပြီလို့ ကြွေးကြော်နေပါတယ်​။ ကဲ ပရိသတ်ကြီးကရော ဟာလန်းရဲ့ ခြေစွမ်း အပေါ် အားရကျေနပ်မှုရှိရဲ့လားဗျ…။