၁၉နှစ်အရွယ် နော်ဝေတိုက်စစ်မှူးလေး ဟာလန်းကတော့ တစ်စထက် တစ်စ အရှိန်ရလာပြီး ဥရောပရဲ့ ဂိုးသွင်းစက်တစ်လုံးအဖြစ် သတ်မှတ်ခံရဖို့ အလားအလာ ရှိနေပါတယ်။ ဟာလန်းဟာ ဆဲလ်ဘက်အသင်းနဲ့ တောက်ပလာခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန် အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးမှာလည်း သူ့ရဲ့ ထိပ်တန်းဂိုးသွင်းခြေစွမ်းကို ပြသခဲ့ပါတယ်။

Photo Credit: Standard.com

ဟာလန်းဟာ ဒေါ့မွန်အသင်းထံကို ရောက်ရှိပြီး ပထမဦးဆုံးကစားခွင့်ရတဲ့ အော့စ်ဘက်နဲ့ ပွဲစဉ်မှာ အရန်ကစားသမားအဖြစ်သာ ဝင်ရောက် ကစားခွင့်ရခဲ့ပေမယ့် ဟက်ထရစ်သွင်းယူကာ အသင်းကို ရှုံးနိမ့်နေတဲ့ အနေအထားကနေ ငါးဂိုး သုံးဂိုးဆိုတဲ့ရလဒ်နဲ့ ပြန်လည်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပွဲစဉ်ဖြစ်တဲ့ ကိုလုံးအသင်းနဲ့ပွဲစဉ်မှာလဲ ဟာလန်းဟာ အရန်အဖြစ်သာ ကစားရပေမယ့် သွင်းဂိုး နှစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard.com

မနေ့ညက ကစားခဲ့တဲ့ ယူနီယံဘာလင်နဲ့ ပွဲမှာတော့ ဟာလန်းဟာ ပွဲထွက်ကစားသမား အဖြစ် ပွဲထွက်လာခဲ့ပြီး အသင်းအတွက် သွင်းဂိုး နှစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ အဆိုပါ သွင်းဂိုးနှစ်ဂိုးကြောင့် ဟာလန်းဟာ ဒေါ့မွန်မှာ သုံးပွဲကစားပြီးချိန် သွင်းဂိုး၇ဂိုးအထိ ရယူထားခဲ့တာပါ။

Photo Credit: Standard.com

ဟာလန်းဟာ အဆိုပါသွင်းဂိုး ခုနှစ်ဂိုးကို ဂိုးပေါက်ကန်သွင်းမှု ၈ကြိမ်ကနေ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့အဆုံးသတ် စွမ်းရည်ကတော့ အံ့မခန်းပါပဲ။ နောက်ထပ် မှတ်တမ်းတစ်ခုအရ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ၁၉မိနစ် ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုး ရရှိထားတာဖြစ်ကြောင်း သိရှိရပါတယ်။