မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်က မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်အနေနဲ့ ဖရီးကစ် ကန်ခွင့် ရရှိဖို့အတွက် ပစ်လဲချခဲ့တယ်၊ တစ်နည်းအားဖြင့် ဒိုင်ဗင်ထိုးခဲ့တယ်လို့ ပြောကြားသွားပါတယ်။ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ပွဲကစားချိန် (၂၉) မိနစ်မှာတော့ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်နဲ့ ထိမိရာကနေ လဲကျသွားခဲ့ပြီး မန်ယူအသင်းက ဖရီးကစ် ကန်ခွင့် ရရှိနိုင်ခဲ့ကြပါတယ်။ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ကန်တင်ပေးလိုက်တဲ့ အချိန်မှာ မန်ယူတိုက်စစ်မှူး မာရှယ်က ပွဲကစားချိန် (၃၀) မိနစ်မှာ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


Photo Credit: Goal

မန်ယူ တိုက်စစ်မှူး မာရှယ်ဟာ ဖာနန်ဒက်စ် မတင်ပေးခဲ့တဲ့ ဘောလုံးကို မြေမကျ ကန်ချက်နဲ့ ပိတ်ကန်ခဲ့ပြီး မန်စီးတီးအသင်းရဲ့ ဂိုးပေါက်ထဲကို တည့်တည့်မတ်မတ် ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပွဲကစားချိန် (၃၀) မိနစ်မှာ မာရှယ်ရဲ့ သွင်းဂိုး နဲ့ နာကျင်အချိန်ပိုအရောက်မှာ တွန်မီနေးရဲ့ သွင်းဂိုး (၂) ဂိုးတို့ကြောင့် မန်စီးတီးအသင်းကို (၂-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်စီးတီး ကွင်းလယ်လူ ဂန်ဒိုဂန်က သူ့အနေနဲ့ ဘောလုံးထိခဲ့ကြောင်း၊ မန်ယူ ကွင်းလယ်လူ ဖာနန်ဒက်စ်က ဒိုင်ဗင်ထိုးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ ဂန်ဒိုဂန်က “သူတို့က ပိုပြီး ကစားအား ပြင်းထန်ခဲ့ပြီး အထူးသဖြင့် ပထမဂိုး သွင်းပြီးတဲ့ အချိန်မှာပါ။ သူတို့ ပထမဂိုး သွင်းပြီး (၁၀) မိနစ်လောက်ကို ဖိကစားနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပြိုင်ပွဲကို ကောင်းမွန်စွာ စတင်ခဲ့တယ်။ ဒါပေမဲ့ ပေးပို့မှုတွေက လွဲနေခဲ့ပါတယ်။ ကျွန်တော်တို့ ထောင့်ကန်ဘော အများကြီး ရရှိခဲ့ကြပါတယ်။ ဒါကြောင့် အခွင့်အရေးတွေကို ပို ဖန်တီးနိုင်ခွင့် ရရှိခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ မပြုပ်နိုင်ခဲ့ကြဘူး။ တိုးတတ်ရမယ့် နေရာတွေ ရှိနေပါတယ်။ ပထမ ပေးဂိုး မတိုင်ခင်က ဖရစ်ကစ်နဲ့ ပက်သက်ပြီး စိတ်ပျက်စရာ ရှိပါတယ်။ ဒါက လုံးဝ ပြစ်ဒဏ်ဘော မဟုတ်ပါဘူး။ ကျွန်တော်က ဘောလုံးကို ထိခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပစ်လဲချပြီး အော်နေခဲ့ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။