ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တဲ့ အာဆင္နယ္အသင္းကေတာ့ သူတို႔အသင္းရဲ့ အားအနည္းဆုံး ေနရာတစ္ခုျဖစ္တဲ့ ကြင္းလယ္ ကို အားျဖည့္ဖို႔အတြက္ ဘရာဇီးလ္ကလပ္ ပါရာေနးဆန႔္အသင္းရဲ့ အသက္၂၂ႏွစ္အရြယ္ ကြင္းလယ္လူ ဂြီမာေရးကို ေခၚယူနိုင္ဖို႔ တရားဝင္ ႀကိဳးပမ္းေနၿပီလို႔ သိရပါတယ္။

Photo Credit: Express.com

ေစ်းကြက္အေနအထားအရ ေပါင္၃၀သန္း ဝန္းက်င္ တန္ဖိုးရွိတဲ့ ကြင္းလယ္လူ ဂြီမာေရး အတြက္ အာဆင္နယ္အသင္းဟာ တရားဝင္ ေဆြးေႏြးမွုေတြ စတင္လုပ္ေဆာင္ေနၿပီး အသင္းရဲ့ အားကစားဒါရိုက္တာျဖစ္သူ အီဒူးဟာ ဂြီမာေရးရဲ့ ေအးဂ်င့္ေတြနဲ႔အတူ လန္ဒန္ၿမိဳ႕မွာ ေတြ႕ဆုံခဲ့ကာ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးခဲ့ေၾကာင္း လန္ဒန္အေျခစိုက္သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Express.com

ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ဂြီမာေရးကို ေခၚယူဖို႔ ႀကိဳးပမ္းေနတာဟာ အာဆင္နယ္ အသင္းတစ္သင္းတည္း မဟုတ္ပဲ ဥေရာပရဲ့နာမည္ႀကီးအသင္းေတြကလည္း ဂြီမာေရးကို အလိုရွိေနတာေၾကာင့္ အာဆင္နယ္အသင္းဟာ အေတာ္ေလးကို ႀကိဳးစားရဖြယ္ရွိေနပါတယ္။ အသင္းေျပာင္းဖို႔အတြက္ ေဆြးေႏြးမွုေတြ စတင္ လုပ္ေဆာင္ေနတဲ့အေၾကာင္းကိုလည္း ဂြီမာေရးက မီဒီယာေတြထံ ဝန္ခံမွုတခ်ိဳ႕ ျပဳလုပ္ခဲ့ပါေသးတယ္။

Photo Credit: Express.com

အေျပာင္းအေရႊ႕နဲ႔ ပတ္သတ္ၿပီး ဂြီမာေရးက ” ကၽြန္ေတာ့္အတြက္ေရာ အသင္းအတြက္ပါ အက်ိဳးရွိမယ့္ အေျပာင္းအေရႊ႕တစ္ခုကို လုပ္ေပးဖို႔ ေအးဂ်င့္ကို ကၽြန္ေတာ္ေျပာထားပါတယ္။ အခု ကလပ္အသင္းေတြၾကားထဲက ေဆြးေႏြးမွုေတြက စတင္ေနပါၿပီ။ ဒါေပမယ့္ ဘယ္အသင္းကို ေရြးခ်ယ္ရမလဲဆိုတာက စဥ္းစားရခက္ေနပါတယ္။ သူတို႔အားလုံးက တကယ့္ ထိပ္တန္း အသင္းေတြပဲေလ ” လို႔ ဖြင့္ဟထားခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့ အားအနည်းဆုံး နေရာတစ်ခုဖြစ်တဲ့ ကွင်းလယ် ကို အားဖြည့်ဖို့အတွက် ဘရာဇီးလ်ကလပ် ပါရာနေးဆန့်အသင်းရဲ့ အသက်၂၂နှစ်အရွယ် ကွင်းလယ်လူ ဂွီမာရေးကို ခေါ်ယူနိုင်ဖို့ တရားဝင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။

Photo Credit: Express.com

စျေးကွက်အနေအထားအရ ပေါင်၃၀သန်း ဝန်းကျင် တန်ဖိုးရှိတဲ့ ကွင်းလယ်လူ ဂွီမာရေး အတွက် အာဆင်နယ်အသင်းဟာ တရားဝင် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီး အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ အီဒူးဟာ ဂွီမာရေးရဲ့ အေးဂျင့်တွေနဲ့အတူ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြောင်း လန်ဒန်အခြေစိုက်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Express.com

ဒါပေမယ့် လက်ရှိအချိန်မှာ ဂွီမာရေးကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဟာ အာဆင်နယ် အသင်းတစ်သင်းတည်း မဟုတ်ပဲ ဥရောပရဲ့နာမည်ကြီးအသင်းတွေကလည်း ဂွီမာရေးကို အလိုရှိနေတာကြောင့် အာဆင်နယ်အသင်းဟာ အတော်လေးကို ကြိုးစားရဖွယ်ရှိနေပါတယ်။ အသင်းပြောင်းဖို့အတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေတဲ့အကြောင်းကိုလည်း ဂွီမာရေးက မီဒီယာတွေထံ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit: Express.com

အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဂွီမာရေးက ” ကျွန်တော့်အတွက်ရော အသင်းအတွက်ပါ အကျိုးရှိမယ့် အပြောင်းအရွှေ့တစ်ခုကို လုပ်ပေးဖို့ အေးဂျင့်ကို ကျွန်တော်ပြောထားပါတယ်။ အခု ကလပ်အသင်းတွေကြားထဲက ဆွေးနွေးမှုတွေက စတင်နေပါပြီ။ ဒါပေမယ့် ဘယ်အသင်းကို ရွေးချယ်ရမလဲဆိုတာက စဉ်းစားရခက်နေပါတယ်။ သူတို့အားလုံးက တကယ့် ထိပ်တန်း အသင်းတွေပဲလေ ” လို့ ဖွင့်ဟထားခဲ့တာပါ။